Connect with us

Social

မူးယစ် ဆေးဝါး ထိန်းချုပ်ရေး မူဝါဒ အသစ် တစ်ရပ် ပေါ်ထွက်လာရေး ဆောင်ရွက် သွားရန် စီစဉ်

မူးယစ် ဆေးဝါး ထိန်းချုပ်ရေး မူဝါဒများအား လွှတ်တော် အသီးသီးမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့စဉ် (ဓာတ်ပုံ-ရဲဇာနည်)

ရန်ကုန် ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ် တစ်ရပ် ပေါ်ထွက်လာရေး ကုလသမဂ္ဂ လုပ်ငန်း အကြံပြုချက်များနှင့် အညီ ဆောင်ရွက်သွားရန် စီစဉ်လျက် ရှိကြောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး ပြဿနာကို ကိုင်တွယ် ဖြေရှင်းရာတွင် တားဆီး နှိမ်နင်းရေး နှင့် တရားစီရင်ရေး မဟာဗျူဟာ တစ်ခုတည်းကိုသာ အသုံးချ၍မရဘဲ အခြားစီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကဏ္ဍများကိုပါ ထည့်သွင်း ရေးဆွဲရန် လိုအပ်လာကြောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ အတွင်းရေးမှူး ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၊ ရဲချုပ် ဇော်ဝင်းက ပြောသည်။
မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ပြဿနာအား တုံ့ပြန် ဆောင်ရွက်နေမှုများအပေါ် လွှတ်တော် အသီးသီး၏ ကော်မရှင်များမှ ကိုယ်စားလှယ်များနှင့် ဥပဒေရေးရာ ကော်မတီဝင်များနှင့် တွေ့ဆုံ၍ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အတူ ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာ ၂၀၁၆ ထုတ်ပြန်ခြင်း အခမ်းအနားကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်း ဆိုင်ရာရုံး (UNODC) တို့ ပူးပေါင်း၍ ဇွန်လ ၂၈ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ရာ အစီရင်ခံစာ အရ ကမ္ဘာပေါ်၌ ၂၄၇ သန်းသော လူဦးရေသည် လွန်ခဲ့သော နှစ်အတွင်း မူးယစ် ဆေးဝါး သုံးစွဲခဲ့ကြပြီး ၂၉ သန်းသည် မူးယစ် ဆေးစွဲ သူများ အဖြစ်သို့ ရောက်ရှိခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.