Social
မြန်မာ- အိန္ဒိယနယ်စပ် နှစ်နိုင်ငံ ချစ်ကြည်ရေး တံတား ပြုပြင်မည်
ရန်ကုန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
ချင်းပြည်နယ် မြောက်ပိုင်း ရိခေါဒါရ်မြို့ ရှိ မြန်မာ- အိန္ဒိယနှစ်နိုင်ငံ နယ်စပ်ချစ်ကြည် ရေးတံတား (သံပေါင်တံတား)ပြုပြင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ နယ်စပ်တံတားပြုပြင် သည့်ကာလအတွင်း မည်သည့်ကုန်စည်၊ ယာဉ်နှင့် လူဝင်ထွက်သွားလာမှုများ ခေတ္တပိတ်ပင်သွားမည်ဖြစ်ပြီး နာရေးကိစ္စ ရပ်များတွင် နှစ်နိုင်ငံ ဂိတ်ပေါက်၌ တာဝန်ကျလုံခြုံရေး ရဲတပ်ဖွဲ့တို့၏ ညှိနှိုင်း ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
နယ်စပ်တံတားသည် သံပေါင်တံတားအမျိုးအစားဖြစ်ပြီး တံတား အရှည် ပေ ၁၉ဝ၊ အကျယ် ၁၄ ပေနှင့် သံပေါင်အမြင့် ၁ဝ ပေ၊ တံတား ခံနိုင်ရည်တန်ချိန် ၁ဝ တန်ရှိကာ တံတားကြမ်းခင်းသံပြားများပေါက်ပြဲပြီး သံပေါင်တန်းများ ပျက်စီး မှုများရှိလာ၍ ယာဉ်နှင့်လူဝင်ထွက် သွား လာရေးအတွက် အန္တရာယ် ရှိလာနိုင်သော ကြောင့် ဟောင်းနွမ်းပေါက်ပြဲသည့် ကြမ်းခင်းနှင့် သံပေါင်တန်းများကို ခွာထုတ်လဲလှယ်ပြုပြင်ခြင်း လုပ်ငန်းကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အစိုးရ ပြည်သူ့ဆောက်လုပ်ရေးဌာန(Mizor-am Public Work Department- MPWD)က ဇူလိုင် ၃၁ ရက်မှ လုပ်ငန်း စတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တံတားပြုပြင်သည့်လုပ်ငန်းမှာ တစ်လခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)