Connect with us

Social

အရေးပေါ် အခြေအနေတွင် အချိန်ကိုက် ကူညီသူသည် မိတ်ဆွေကောင်း ဖြစ်ကြောင်း ဝန်ကြီးပြော

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့  သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က လူ ကယ် ပြန် ၀န်ကြီးဌာနအား ငွေလှူဒါန်းနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

သဘာ၀ ဘေးအန္တရာယ် ရင်ဆိုင်နေရချိန်တွင် မတုံ့ဆိုင်းဘဲ အချိန်ကိုက် ကူညီသူသည် မိတ်ဆွေကောင်းဖြစ်သည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ယနေ့ ပြောကြားခဲ့သည်။

“ကျွန်တော်တို့နိုင်ငံမှာ သဘာဝဘေးက ပုံမှန်လို ဖြစ်နေတဲ့အတွက် ခုခံ ရင်ဆိုင်နိုင်ဖို့ကို အစိုးရ အနေနဲ့ အထူးအလေးထားပြီး ဆောင်ရွက်နေပါတယ်၊ သဘာဝဘေး ဖြစ်တာနဲ့ ထိခိုက်မှုတွေ များပါတယ်၊ ထိခိုက်တဲ့အခါ လိုအပ်မှုတွေ ရှိလာပါတယ်၊ လိုအပ်တဲ့အခါ ကူညီတာဟာ မိတ်ဆွေ ကောင်း ဖြစ်ပါတယ်၊ အခုလို အရေးပေါ် အခြေအနေမှာ မတုံ့ဆိုင်းဘဲ အချိန်ကိုက် ကူညီတာဟာ မိတ်ဆွေကောင်းအဖြစ် ဖော်ပြလိုက်တာပါပဲ” ဟု နေပြည်တော် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် ယနေ့နံနက်ပိုင်း ပြုလုပ်သော တရုတ်နိုင်ငံ အစိုးရက ရေဘေးသင့် မြန်မာ ပြည်သူများအတွက် ကျပ် သန်း ၂၀၀ လှူဒါန်းပွဲ၌ ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးအား ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဂုဏ်ပြုလွှာ ပေးအပ်စဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးအား ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဂုဏ်ပြုလွှာ ပေးအပ်စဉ် (ဆင်ဟွာ)

ရေဘေးသင့်ပြည်သူများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရက ငွေလှူဒါန်းပွဲ ကျင်းပစဉ်(ဆင်ဟွာ)

ရေဘေးသင့်ပြည်သူများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရက ငွေလှူဒါန်းပွဲ ကျင်းပစဉ်(ဆင်ဟွာ)

ထို့အပြင် ၎င်းက “တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရက ပြီးခဲ့တဲ့နှစ်တွေမှာ ကူညီခဲ့တာတွေ ရှိပါတယ်၊ ကြက်ခြေနီအဖွဲ့ဆိုတာက သဘာဝဘေး စီမံခန့်ခွဲမှု ကော်မတီနဲ့ ပူးပေါင်း ဆောင်ရွက်ရ တာဖြစ်လို့ကြက်ခြေနီအဖွဲ့ကို လှူဒါန်းပေးခဲ့တာကလည်း သဘာဝဘေးနဲ့ပတ်သက်ရင် အများကြီး အကူအညီဖြစ်စေလို့ ကျေးဇူးတင်ပါတယ်။ အခု ကူညီတဲ့အတွက်ရော အရင်က ကူညီခဲ့တာတွေ အတွက်ရော ကျေးဇူးတင်ပါတယ်၊ နောက်ဆက်လက်ပြီးတော့လည်း ကူညီနိုင်မယ်လို့ မျှော်လင့်ပါ တယ်။ သဘာဝဘေး ဖြစ်ဖြစ်ချင်းမှာ မတုံ့ဆိုင်းဘဲနဲ့ အခုလို အချိန်ကိုက် လာရောက်ပြီး ကူညီတဲ့ အတွက် ကျေးဇူးတင်ကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်” ဟုလည်း ပြောခဲ့သည်။

အဆိုပါ အလှူငွေ လာရောက် ပေးအပ်သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျှန်က “တရုတ်-မြန်မာ ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေးဟာ အလွန် နက်ရှိုင်းပါတယ်၊ ပေါက်ဖော် ညီအစ်ကိုနိုင်ငံ အခက်အခဲ ရှိချိန်မှာ အခုလို အတိုင်းအတာတစ်ခုအထိ ကူညီပေးခွင့်ရတာ ဝမ်းသာမိပါတယ်၊ သဘာ၀ အန္တရာယ်တွေ အခုလို ကြုံတွေ့တဲ့အခါ ကျွန်တော်တို့ နှစ်နိုင်ငံဟာ ညီအစ်ကို မောင်နှမတွေလိုပဲ အပြန်အလှန် အကူအညီပေးကြရမှာပါ၊ ကျွန်တော်တို့ တရုတ်နိုင်ငံ ခေါင်းဆောင်တွေက မြန်မာနိုင်ငံ အစိုးရ ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံမှုကို အတော် အလေးထားပါတယ်၊ ဒါကြောင့်လည်း အခုလို ချက်ချင်း မြန်မာကျပ်ငွေ သန်း နှစ်ရာ လှူဒါန်းရခြင်း ဖြစ်ပါတယ်၊ မြန်မာနိုင်ငံက ရေကြီးရေလျှံ ဒုက္ခသည်တွေ အတွက် တရုတ်နိုင်ငံ ကြက်ခြေနီအသင်းကို ကိုယ်စား ပြုပြီးတော့ မြန်မာ့ကြက်ခြေနီအသင်းအတွက် အမေရိကန်ဒေါ်လာ တစ်သိန်းကိုလည်း တစ်နေ့က လှူဒါန်းခဲ့ပါတယ်၊ မြန်မာပြည်သူလူထုရဲ့ လိုအပ် ချက်တွေကို ကျွန်တော်တို့ ဦးစားပေးပြီး ကူညီသွားပါမယ်၊ အခြား လိုအပ်ချက်တွေရှိရင်လည်း ကျွန်တော် တို့ကို အားမနာတမ်း ပြောပါ၊ တတ်နိုင်သလောက် အစွမ်းကုန် ကြိုးစားပြီး ကူညီသွား ပါ့မယ်” ဟု ပြောကြားခဲ့သည်။

ယခု လှူဒါန်းလိုက်သည့် ငွေသည် မြန်မာနိုင်ငံ ရေဘေးသင့် ပြည်သူလူထုတို့အတွက် ထိရောက် သော ကူညီမှု ဖြစ်စေရန်နှင့် အိုးအိမ်များ ပြန်လည် ထူထောင်နိုင်ရန် မျှော်လင့်ပါကြောင်းလည်း မစ္စတာ ဟုန်လျှန်က ပြောခဲ့သည်။ အလှူငွေ ကျပ်သန်းနှစ်ရာ ပေးအပ်အပြီးတွင် ပြည်ထောင်စု ဝန်ကြီးက တရုတ်နိုင်ငံ သံအမတ်ကြီးအား ဂုဏ်ပြုလွှာများ ပြန်လည် ပေးအပ်ခဲ့ပြီး တွေ့ဆုံ လှူဒါန်းပွဲကို ရပ်နားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.