Connect with us

Social

မြေနီကုန်းခုံးကျော်တံတားအောက်၌ ပြည်သူများအပန်းဖြေနေရာ ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ

မြေနီကုန်းခုံးကျော်တံတားအောက်၌ ဖွင့်လှစ်ထားသည့် ပြည်သူများအပန်းဖြေနေရာအားတွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ မြေနီကုန်းခုံး ကျော်တံတားအောက်၌ ပြည်သူများအပန်းဖြေနေရာ ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့တွင်အဆိုပါ ခုံးကျော်တံတား အောက်၌ ကျင်းပခဲ့ကြောင်း မြေနီကုန်း ခုံးကျော်တံတား စီမံကိန်း မန်နေဂျာထံမှ သိရသည်။

ပြင်သစ်ယဉ်ကျေးမှုဌာနက တာဝန် ယူတည်ဆောက်နေသည့် ခုံးကျော် တံတားအနုပညာစီမံကိန်းတွင် ရန်ကုန်မြို့ရှိ ခုံးကျော်တံတားများအနက် မြေနီ ကုန်းခုံးကျော်တံတားအောက်တွင် တည် ဆောက်ထားသည့် ပြည်သူများ အပန်းဖြေ နေရာသည် ပထမဆုံးတည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းသည် မြို့တော်ရှိ ပြည်သူပိုင်နေရာများ၊ အနုပညာ၊ အား ကစားနှင့် စိမ်းလန်းစိုပြည်သည့် ပတ်ဝန်း ကျင်တို့၏ အရေးပါပုံတို့ကို မီးမောင်း ထိုးပြရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရ သည်။ ရန်ကုန်မြို့သည် လွန်ခဲ့သည့်နှစ်များ အတွင်း ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် မော်တော်ယာဉ် များနှင့် မော်တော်ယာဉ် သုံးစွဲသူဦးရေများလာပြီး ပြည်သူများ အပန်းဖြေ အနား ယူနိုင်သည့် အများပိုင် နေရာများဆုံးရှုံးကာ မြို့တော်ရှိလမ်းများ ပေါ် တွင် လမ်းလျှောက်စရာနေရာပင် မရှိသည့်အဖြစ်များ ကြုံတွေ့နေကြ ရ ကြောင်း၊ ယခုခုံးကျော်တံတား အနုပညာ စီမံကိန်းသည် ရန်ကုန်မြို့ပြ အတွင်း ပြန်လည် အသွင်ဆန်းခြင်းလုပ်ငန်းတစ် ရပ်ဖြစ်ကြောင်း သိရသည်။

မြေနီကုန်းခုံးကျော်တံတား စီမံ ကိန်းအား ဒီဇင်ဘာ ၄ ရက် မင်္ဂလာပါ ပွဲတော်ရက်မှစတင်ကာ အများပြည်သူ အတွက် စတင်ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါ မြေနီကုန်းခုံးကျော်တံတား အောက်ရှိ အများပိုင်နေရာများ အား ပြည်သူများ အသုံးပြုနေပြီဖြစ်သည်။

မြေနီကုန်းခုံးကျော်တံတားစီမံကိန်း တည်ဆောက်ရာတွင် ယခင်အကာအရံအတားအဆီးအဟောင်းများအား ဖယ် ရှားပြီး အုတ်ခုံတန်းရှည်များပါဝင်သည့် ဘောလုံးကွင်း၊ ခြင်းလုံးကွင်းနှင့် အက နေရာများ၊ အနုပညာလက်ရာမြောက် လျှောက်လမ်းများ၊ အပင်များနှင့် ရေပေး စနစ်ပါဝင်သည့် စိမ်းလန်းစိုပြည်သော တံတားတိုင်များ၊ လူကူးမျဉ်းကျားများ၊ ယာဉ်အန္တရာယ်ကင်းဝေးစေရန် လမ်း အမှတ် အသားများနှင့် လမ်းသွားလမ်း လာများ အ္တရာယ်ကင်းဝေးစေရေး အတွက် အပင်များစိုက်ပျိုးထားသည့် လမ်းလယ်ကျွန်းများ၊ အများပြည်သူများ အတွက် အုတ်ခုံရှည်များဖြင့် ပုံစံရေးဆွဲ တည်ဆောက်ထားပြီး တံတားအောက် နှင့် အနီးရှိပန်းခြံများတွင် အမှိုက်ပုံး များထားရှိခြင်း၊ သတင်းအချက် အလက် ပြဆိုင်းဘုတ်များ တပ်ဆင်ခြင်း၊ ပဒုမ္မာ ပန်းခြံအတွက် ဝင်ပေါက်အသစ်တစ်ခု ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက် ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.