Social
ရခိုင်ရိုးရာရထားဆွဲပွဲတော် ကျင်းပမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)
စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာစဉ်လာမပျက် ကျင်းပမည့် ဒသမအကြိမ်မြောက် ရထားဆွဲပွဲ တော်ကြီးကို ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၃၁ ရက်(တပို့တွဲလပြည့်နေ့)ထိ စစ်တွေမြို့ ဝင်္ကဘာကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စစ်တွေမြို့တွင် နှစ်ပေါင်း ၄ဝ ကြာပျောက်ကွယ်လုနီးပါးဖြစ်နေခဲ့သော ရထားဆွဲပွဲကို စစ်တွေမြို့ မိဇံရပ်ကွက်မှ စတင်ပြီး ကျင်းပခဲ့ကြောင်း၊ ယခုဆိုလျင်မြို့ပေါ်ရပ်ကွက်များမှလည်း အလှည့်ကျ ဦးဆောင်ပြီး ကျင်းပလျက်ရှိကြောင်း၊ ဒသမအကြိမ်မြောက် ရထားဆွဲပွဲတော်ကြီးကို ရွာကြီးမြောက် ရပ်ကွက်မှ တာဝန်ယူပြီး ကျင်းပသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရခိုင်ရိုးရာ ရထားဆွဲပွဲကို မြန်မာ့ဆယ့်နှစ်လရာသီတွင် တပို့တွဲလ၌ ကျင်းပသောပွဲဖြစ်သည်။ တပို့တွဲလတွင် နက္ခတ်တာများစုံလင်သည့် လဖြစ်သောကြောင့် ရခိုင်တို့သည် ရထားဆွဲပွဲကို ယခုလတွင် ကျင်းပကြခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)