Social
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးကြိုးများ သီးခြားသာ တပ်ဆင်ခွင့်ပြုမည်
ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လျှပ်စစ်ဓာတ်တိုင်များ၌ ဆက်သွယ်ရေးကြိုးများ သွယ်တန်းခွင့်မပြုဘဲ သီးခြားစီသာ တပ်ဆင်ခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။
”ဆက်သွယ်ရေးကြိုးတွေနဲ့ လျှပ်စစ်ဓာတ်အားပေး ကြိုးတွေက အရောင်ချင်း ဆင်တူနေပြီး ရှုပ်ထွေးနေပါတယ်။ ညှိနှိုင်းပြီး အန္တရာယ်ကင်းအောင် ဆောင်ရွက်သွားပါမယ်” ဟု ၎င်းက ဆိုသည်။
ဆက်သွယ်ရေး လိုင်းကြိုးများသည် လျှပ်စစ်ဓာတ်အားပေး ကြိုးများနှင့် အရောင်တူကာ ဆင်တူယိုးမှား ဖြစ်နေသည့် အတွက် အများပြည်သူများ အန္တရာယ်ရှိနိုင်သောကြောင့် ဆက်သွယ်ရေး လိုင်းကြိုးများကို သီးခြားစီ တပ်ဆင်သွားရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များ၌ လျှပ်စစ်မီးသုံးစွဲသူများ၏ အစီအစဉ်ဖြင့် စိုက်ထူထားသော ဓာတ်တိုင်များကို ဦးစားပေး မြို့နယ်အလိုက် ခိုင်ခံ့သော အင်္ဂတေတိုင်များ အဖြစ် ပြောင်းလဲစိုက်ထူ ပေး သွားမည်ဖြစ်သည်။(Xinhua)