Social
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးလုပ်ငန်း စဉ်များဆွေးနွေး

ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးလုပ်ငန်း စဉ်များအတွက် Sunday Market ၊ Tourism Name ကိစ္စရပ်များနှင့် Mascot (လာဘ်ကောင်)ရုပ် ပြုလုပ်နိုင်ရန်အတွက် ပြိုင်ပွဲဝင်များကို ဖိတ်ခေါ်ပြီး ဒီဇိုင်းပုံစံ ဆောင်ရွက်နိုင်ရေးများကို ဆွေးနွေးခဲ့ကြကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ယင်းအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန် ကြီးနော်ပန်းသဉ္ဇာမျိုး၊ ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အ သင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရှင်များအသင်း၊ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်း၊ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ အမှတ်တရပစ္စည်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအသင်း၊ ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှု အသင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ကျန်းမာရေးစောင့်ရှောက်မှု အသင်း၊ မြန်မာနိုင်ငံ သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အသင်းတို့မှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)