Connect with us

Social

ရန်ကုန် အလုပ်အကိုင်ပြပွဲတွင် အလုပ်အကိုင် ၁၅၀ ကျော်ခေါ်ယူမည်

အလုပ်အကိုင်ပြပွဲတွင် လာရောက်လေ့ကြသည့် လူများဖြင့်စည်ကားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

ရန်ကုန် အလုပ်အကိုင်ပြပွဲ ၂၀၁၆ တွင် ကို ရှင်စောပုလမ်းရှိ Myanmar Event Park (MEP) တွင် ယနေ့ ကျင်းပလျက်ရှိပြီး ယခုအချိန်အထိ အလုပ်လာရောက်လျှောက်ထားသူပေါင်း ၅၀၀၀ ကျော်ခန့်ရှိနေပြီး၊ ညနေဘက် တွင် လျှောက်ထားသူ ဦးရေ ၁၀,၀၀၀ ကျော်လောက်အထိ ရှိနိုင်ကြောင်း ၊အလုပ်အကိုင်နေရာ ၁၅၀ ကျော်ခန့်သွားမည်ဖြစ်ကြောင်း MyJobs.com.mm မှ ဈေးကွက်မန်နေဂျာ ဦးဝေယျာအောင်က ဆင်ဟွာကိုပြောသည်။

၎င်းက “ပွဲပြီးအထိ ဆိုအလုပ်လာလျှောက်သူက ၁၂,၀၀၀ ကနေ ၁၅,၀၀၀ အထိ လာလျှောက်မယ်လို့ ခန့်မှန်းရပါတယ်။ တချို့ကုမ္ပဏီတွေက CV တွေကို ကြည့်ပြီး ကြိုက်ရင် တခါတည်းအလုပ်ခန့်တာမျိုးရှိပါတယ်’’ ဟုပြောခဲ့သည်။

Normal 0 false false false EN-US ZH-CN X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:””; mso-padding-alt:0cm 5.4pt 0cm 5.4pt; mso-para-margin-top:0cm; mso-para-margin-right:0cm; mso-para-margin-bottom:10.0pt; mso-para-margin-left:0cm; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;}

အလုပ်အကိုင်ပြပွဲ၌ လစ်လပ်နေရာများအတွက် အလုပ်လျှောက်ထားနေကြသူများကိုတွေ့ရစဉ် (ဆင်ဟွာ)

၎င်းအလုပ်အကိုင်ပြပွဲတွင် ကုမ္ပဏီပေါင်း ၇၆ခု ၊ ပြည်တွင်းပြည်ပကုမ္ပဏီများ ပါဝင်ပြသကြကြောင်း သိရသည်။ Unilever ၊ CB ဘဏ်၊ MPT , ကိုကာကိုလာ စသဖြင့် ပြည်တွင်းမှ နာမည်ကြီးကုမ္ပဏီများ နှင့် နိုင်ငံခြား ကုမ္ပဏီပေါင်း ၅၀ ကျော်လောက်ပြပွဲသို့ လာရောက်ပြသကြကြောင်း သိရသည်။
Myjobs.com.mmက ယခုကဲ့သို့ အလုပ်အကိုင်ပြပွဲအား ကျင်းပရခြင်းသည် လူငယ်လူရွယ်များ၊ ကျောင်းပြီးစလူငယ်များ၊ အတွေ့အကြုံသိပ်မများသေးသည့် လူငယ်လူရွယ်များကို အလုပ်ရသွားစေချင်သည့်အတွက်ဖြစ်ကြောင်း၊နောက်ထပ်အလုပ်အကိုင်ပြပွဲများလည်းဆက်လုပ်ဆောင်သွားရန်ရှိကြောင်း၊် ၂၀၁၆ ခုနှစ်မကုန်ခင် အလုပ်အကိုင်ပြပွဲ နောက်တစ်ပွဲကျင်းပရန်ရှိကြောင်းဆိုသည်။

အလုပ်အကိုင်ပြပွဲ၌ လစ်လပ်နေရာ တစ်ခုအတွက် လျှောက်ထားသူတစ်ဦးအား တွေ့ဆုံမေးမြန်းနေစဉ် (ဆင်ဟွာ)

အဆိုပါပွဲသို့လာသည့် သူများသည် CV Form များတပါတည်းယူဆောင်လာကြပြီး မိမိစိတ်ဝင်စားသည့် ကုမ္ပဏီတွင် အလုပ်လျှောက်ခြင်း အင်တာဗျူးဝင်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

အလုပ်လာလျှောက်ထားသူတစ်ဦးဖြစ်သည့် မစပံယ်ဖြူက “ ကျွန်မက အလုပ်လက်ရှိလုပ်နေတာရှိပါတယ်။ ပိုကောင်းတဲ့ အလုပ်တစ်ခုကို လိုချင်လို့ပါ။ ကျွန်မ စိတ်ဝင်စားတဲ့ ကုမ္ပဏီ ၃ ခုလောက်ကို CV ပေးထားပါတယ်။ အင်တာဗျူးက တချို့က ချက်ချင်းလုပ်ပါတယ်။ တချို့က ချက်ချင်းမလုပ်ပါဘူး။ လျှောက်တဲ့သူတွေက အများကြီးဆိုတော့ အလုပ်ရမယ်မရဘူးတော့ မပြောတတ်ပါဘူး’’ ဟုပြောသည်။

အလုပ်လာလျှောက်သူများသည် အသက်၃၀ အောက် လူငယ်အများစုဖြစ်ပြီး၊ အသက်၃၀ အထက် အပါအဝင် အရွယ်စုံ အလုပ်လာလျှောက်ထားကြသည်။ ပြပွဲတွင် ပြသသည့် ကုမ္ပဏီများအနေဖြင့် ၎င်းတို့လိုအပ်သည့် အလုပ်နေရာများကို ပြခန်းရှေ့တွင် ထောင်ထား၍ စိတ်ဝင်စားသူများမှ မိမိတို့စိတ်ဝင်စားသည့် အလုပ်နေရာများအားလျှောက်ထားကြတာတွေ့ရသည်။

ယခုအလုပ်အကိုင်ပြပွဲကို စီစဉ်သည့် Myjobs.com.mm သည် အင်တာနက်ဝက်ဆိုက်တစ်ခုဖြစ်ပြီး ၎င်းဝက်ဆိုက်တွင် ကုမ္ပဏီပေါင်း ၃၅၀ ကျော်က လစ်လပ်အလုပ်အကိုင်ပေါင်း ၃၀၀၀ ကျော်ကို တင်ထားကြောင်း သိရသည်။ Myjobs.com.mm ကိုဝင်လိုက်လျှင် ကုမ္ပဏီပေါင်း ၃၅၀ ကျော်၏လိုဂို များရှိကြောင်း၊ အလုပ်လျှောက်ထားသူအနေဖြင့် မိမိနှစ်သက်သည့်ကုမ္ပဏီ၏ လိုဂိုကို နှိပ်လိုက်ရုံနှင့် ၎င်းကုမ္ပဏီကခေါ်ထားသည့် အလုပ်နေရာ များကျလာမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.