Connect with us

Social

ရေဘေးသင့် ပြည်သူတို့အတွက် ပြည်သူ့လွှတ်တော်က ကျပ် သိန်း ၁၅၀ ပေးလှူ

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

ရေဘေး အန္တရာယ် ကျရောက်နေသည့် ဒေသများရှိ ပြည်သူများအား ကူညီရန် ပြည်သူ့လွှတ်တော်က ကျပ် သိန်း ၁၅၀ တိတိကို ပေးလှူပြီး ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်သို့အသိပေး ပြောကြားခဲ့သည်။

“ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ လက်ဆောင်ပေးခြင်းနှင့် အလှူဒါန ခေါင်းစဉ်မှ လှူဒါန်းငွေ ကျပ် ၆၄ သိန်း၊ ရှစ်သောင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၂၆ ဦး၏ တစ်ရက်စာ နေ့တွက် စရိတ် စုစုပေါင်း ကျပ် ၈၅ သိန်း၊ နှစ်သောင်း၊ စုစုပေါင်းကျပ် သိန်း ၁၅၀ တိတိကို ယနေ့ ပေးလှူပြီး ဖြစ်ပါကြောင်း လွှတ်တော်သို့အသိပေး တင်ပြ အပ်ပါတယ်” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်သို့ပြောကြားသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၏ တစ်နေ့တာ နေ့တွက် စရိတ်မှာ ကျပ် နှစ်သောင်းဖြစ်ပြီး ပထမ အကြိမ် လွှတ်တော်အတွင်း ကလည်း မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့် ပြည်သူများ၊ စစ်ဘေးရှောင် ပြည်သူများအား လွှတ်တော် ကိုယ်စားလှယ်များက တစ်နေ့စာ စရိတ်များ စုဆောင်း လှူဒါန်းခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.