Connect with us

Social

အဆောက်အအုံများတွင် လျှပ်စစ်ဓာတ်အား ၃ဝ ကီလို ဝပ်ထက် ကျော်လွန်သုံးစွဲပါက ကိုယ်ပိုင်ထရန်စဖော်မာ တပ်ဆင်သုံးစွဲရမည်

ရန်ကုန်မြို့တွင်းရှိ ဆောက်လုပ်နေဆဲ အဆောက်အအုံတစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆောက်လုပ်ပြီးစီးသည့် အဆောက်အအုံများတွင် လျှပ်စစ်ဓာတ်အား ၃ဝ ကီလို ဝပ်ထက် ကျော်လွန်သုံးစွဲပါက ကိုယ်ပိုင်ထရန်စဖော်မာ တပ်ဆင်သုံးစွဲရမည်ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန် ကြေညာလိုက်သည်။

ယင်း အဆောက်အအုံများတွင် လျှပ်စစ် ဓာတ်အားသုံးစွဲမှု ၃ဝ ကီလိုဝပ်(၃၇ ဒသမ ၅ ကေဗွီအေ)အထိသာ အများပြည်သူသုံး ထရန်စဖော်မာများမှ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲ ခွင့်ပြုရန်နှင့် အဆိုပါ ပမာဏထက် ကျော်လွန် သုံးစွဲလိုပါက ကိုယ်ပိုင်ထရန်စဖော်မာ တပ်ဆင်သုံးစွဲရန် ရန်ကုန် လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတွင် မူဝါဒချမှတ်လိုက်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အဆောက်အအုံ ဆောက်လုပ်ပြီးစီးကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၏ လက်မှတ်ရရှိသည့် မည်သည့်အဆောက်အအုံမဆို ၃ဝ ကီလိုဝပ်(၃၇ ဒသမ ၅ ကေဗွီအေ)ထက်ကျော်လွန်၍ လျှပ်စစ် ဓာတ်အားရယူ သုံးစွဲလိုပါက ကိုယ်ပိုင်ထရန်စဖော်မာ တပ်ဆင်သုံးစွဲ ရမည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.