Connect with us

Social

ရွှေတောင်မြို့နယ်၌ ရှေးဟောင်း ရုပ်ပွားတော်နှင့် စေတီတော် ၁၂၇ ဆူ တွေ့ရှိ

ရှေးဟောင်း ရုပ်ပွားတော်နှင့် စေတီတော်များအား တွေ့ရစဉ်(ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

ရွှေတောင်မြို့နယ် မီးလောင်ကျေးရွာ မင်္ဂလာရုံကျောင်းဝင်းအတွင်းရှိ ခြုံနွယ်အတွင်း မတ် ၂၇ ရက်နေ့၌ ရှေးဟောင်း ရုပ်ပွားတော်နှင့် စေတီတော် ၁၂၇ ဆူ တွေ့ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မင်္ဂလာရုံကျောင်းဝင်းအတွင်းရှိ ခြုံနွယ်များအား ရှင်းလင်းစဉ် စေတီပျက် ၁ ဆူအတွင်းသို့ မြွေ ၁ ကောင် ဝင်သွားသည်ကိုတွေ့ရှိရသဖြင့်ရှာဖွေခဲ့ရာ စေတီပျက်၏ ဌာပနာပေါက်အတွင်းမှ ရှေးဟောင်း ရုပ်ပွားတော်နှင့် စေတီတော်ငယ် ၁၂၇ ဆူ တွေ့ရှိခဲ့ရသဖြင့် မင်္ဂလာရုံကျောင်းတိုက် အပေါ်ထပ်တွင် အပူဇော်ခံထားရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.