Connect with us

Social

စစ်တွေ-ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တောလမ်းပေါ်ရှိ တံတား ၅ စင်း ဖွင့်လှစ်

စစ်တွေ-ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တော လမ်းနှင့်အဆိုပါလမ်းပေါ်ရှိတံတား(၅)စင်း ဖွင့်ပွဲ အခမ်းအနား ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် စစ်တွေ-ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တော လမ်း နှင့် အဆိုပါ လမ်းပေါ်ရှိ တံတား(၅)စင်းအား ဧပြီ ၁ ရက်တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

စစ်တွေ-ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တောလမ်း ပေါ်ရှိ အဓိကကျသော တံတားကြီး ၅ စင်းကို ဖွင့်လှစ်ပေးနိုင်ခဲ့သဖြင့် အဆိုပါလမ်းသည် အလွန်အရေးပါသည့်လမ်းဖြစ်ကြောင်း ၊ တံတား ၅ စင်း ဖွင့်လှစ် ပေးနိုင်သည့် အတွက် စစ်တွေ မှ မောင်တောအထိ တဆက်တစပ်တည်း သွားလာ နိုင်ပြီဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင် က ဖွင့်ပွဲအခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် အတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပေ(၁၈၀)နှင့် အထက်တံတား (၁၃)စင်း တည်ဆောက် လျက်ရှိရာ ယခု ဖွင့်လှစ်လိုက်သည့် ပေ (၈၈၀)အရှည် ရသေ့တောင်တံတားနှင့်အတူ ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီး တောင်လမ်းပေါ်ရှိ သောင်းဒရားချောင်းတံတား(၅၀၀)ပေ ၊ ငစံပေါ်တံတား (၂၁၀)ပေ၊ ရွာဟောင်းချောင်း တံတား(၂၈၀)ပေ၊ စိုင်းဒင်ချောင်းတံတား(၆၀၀)ပေတို့သည် ပြီးစီး ဖြစ်သည့်အတွက် မော်တော်ယာဉ်များ ဖြတ်သန်းအသုံးပြုနိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက လာမည့်နှစ်များတွင်လည်း ဖွံ့ဖြိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး လုပ်ငန်းစဉ်များ ပိုမို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖွင့်ပွဲ အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ ရခိုင်ပြည်နယ်သို့ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ ဝင်ပေါက်လမ်း (၄)လမ်း ဖြစ်သည့် ရန်ကုန်-စစ်တွေလမ်း၊ ရန်ကုန်-ကျောက်ဖြူလမ်း၊ ငါးသိုင်းချောင်း-ဂွ-သံတွဲလမ်း၊ ကျောက်တော်-ပလက်ဝလမ်းတို့ကို အဆင့်မြှင့်တင်လျက်ရှိပြီး တံတား များကိုလည်း သံကူကွန်ကရစ်တံတားများအဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117