Social
ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း ငါးနှစ်တာတွင်း ရင်းနှီးမြှုပ်နှံမှု ၃၆ ရာခိုင်နှုန်းတိုးတက်

ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)
ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းတွက် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံမှု ၃၆ ရာခိုင်နှုန်းတိုးတက်လာကြောင်း ဟိုတယ်နှင့်ခရီးသွားရေးဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်းနှင့် တည်းခိုဆောင် များကို အဆင့်ဆင့် လျှောက်ထားမှုရှိခဲ့ပြီး လက်ရှိတွင် ဟိုတယ်လုပ်ငန်း လုပ်ကိုင်ခွင့် လျှောက်ထားမှု ၁၈၃ ခုရှိသည့်အနက် ၁ဝ၃ ခု ခွင့်ပြုခဲ့ကြောင်း သိရသည်။
၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အထိ ဟိုတယ်လုပ်ငန်းများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်း ၅၂ ခုရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု အနေဖြင့် အမေရိကန်ဒေါ်လာ ၂၉၂၈ ဒသမ ၅၂၅၄ သန်း တိုးတက်လာကြောင်း သိရသည်။(Xinhua)