Connect with us

Social

ယခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှု၃.၅ သန်း ခန့်ဝင်ရောက်မည်ဟု ဟိုတယ်ခရီး ခန့်မှန်းထား

နိုင်ငံခြားသားခရီးသွားဧည့်သည်တချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

ယခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှုမှာ ၃.၅ သန်း ခန့်ဝင်ရောက်မည်ဟု ခန့်မှန်းထားရာ ယခုနှစ် ဧပြီလကုန်ထိ နိုင်ငံခြားသားဧည့်သည် ဦးရေ ၁.၂သန်းကျော်ဝင်ရောက်ခဲ့ပြီး ၂ဝ၁၆ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှုမှာ ၂၅ ရာခိုင်နှုန်းတိုးတက် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

၂ဝ၁၆ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဧည့်သည် ငါးသန်းခန့် ဝင်ရောက်မည်ဟု ခန့်မှန်းခဲ့သော်လည်း နှစ်ကုန်သည်ထိ နိုင်ငံခြားသားဧည့်သည် ဝင်ရောက်ခဲ့မှုမှာ ၂ . ၉သန်းသာ ဝင်ရောက်ခဲ့သည်။ ယခုနှစ်တွင် နိုင်ငံခြားသားဧည့်သည် ၃ ဒသမ ၅သန်းဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း၊ ယခင်နှစ် နှစ်ဆန်းပိုင်းမှ ဧပြီလကုန်ထိ နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှုမှာ ဝ. ၉သန်းသာရှိခဲ့သဖြင့် ယခုနှစ်ကာလတူ ဖြစ်သည့် ဧပြီလ ကုန်ထိနိုင်ငံခြားသား ဧည့်သည် ၁.၂သန်းဝင်ရောက်ခဲ့ရာ ယခင်နှစ်ထက် ၂၅ ရာခိုင်နှုန်းတိုးတက် ဝင်ရောက်လာသည်ဟု ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ဧည့်သည်များ စိတ်ဝင်တစား လာရောက်လည်ပတ် လျက်ရှိရာ ဒေသ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ၊ သဘာဝအလှ တရားများကို လေ့လာနိုင်စေရန်အတွက် သဘာဝအခြေခံခရီးသွားလုပ်ငန်း (Eco-tourism)ဖော်ဆောင်မှုများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နေရာများကို UNESCO မှ အသိအမှတ်ပြု နိုင်ရန်ဆောင်ရွက် မှုများနှင့် လူထုအခြေပြု ခရီးသွားလုပ်ငန်းများကို တိုးမြှင့်ဖော်ဆောင် လျက်ရှိကြောင်း၊ ထို့ပြင် ယခုနှစ်အတွင်း မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ကား စသည့်ယာဉ်တန်းများဖြင့် နိုင်ငံခြားသားဧည့်သည် ဝင်ရောက်လာမှုမှာ မေလထိ ၂၂၉၁ ဦးရှိခဲ့ရာ ယခင်နှစ်ထက် ၅ရာခိုင်နှုန်း တိုးတက်ဝင်ရောက်လာကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.