Social
၂၀၁၉ ခုနှစ် ဇန်နဝါရီလ မှ သြဂုတ်လ အထိ မြန်မာနိုင်ငံသို့ ပြည်ပဧည့်သည် နှစ်ဒသမရှစ်သန်း ကျော်ဝင်ရောက်

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
၂၀၁၉ ခုနှစ် ဇန်နဝါရီလ မှ သြဂုတ်လ အထိ မြန်မာနိုင်ငံသို့ ပြည်ပဧည့်သည် ၂,၈၁၄,၁၃၉ ဦး ဝင်ရောက်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၏ စာရင်းများအရ သိရသည်။
လေကြောင်းဖြင့် လာရောက်သူဦးရေ ၁,၁၂၀,၁၃၂ ဦး၊ အပျော်စီးသင်္ဘောဖြင့်ဝင်ရောက်သူဦးရေ ၆၁၄၃ဦး၊ နယ်စပ်ဝင်ပေါက်မှ အတွင်းပိုင်းအထိဝင်ရောက်လာသူဦးရေ ၅၂,၄၄၅ ဦးရှိကြောင်း သိရသည်။
၎င်းပြည်ပဧည့်သည်များ တွင် ဗီဇာဖြင့်ဝင်ရောက်သူပေါင်း ၁,၂၀၅,၉၄၂ ဦး၊ နယ်စပ်တွင်ဝင်ရောက်သူများမှာ ၁,၆၀၈,၁၉၇ ဦးရှိခဲ့ကြောင်း သိရသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလ မှ သြဂုတ်လ အထိ မြန်မာနိုင်ငံသို့ ပြည်ပဧည့်သည် ၂,၂၅၉,၉၈၁ ဦးဝင်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)