Social
၂၀၁၉ ခုနှစ် အတွင်းစက်တင်ဘာလ အထိ မြန်မာနိုင်ငံသို့ ပြည်ပဧည့်သည်လာရောက်မှု သုံးသန်းကျော်ရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
အလုပ်သမားလူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ ပေးပို့သောစာရင်းများအရ ၂၀၁၉ ခုနှစ်အတွင်း စက်တင်ဘာလ အထိ မြန်မာနိုင်ငံသို့ ပြည်ပဧည့်သည်လာရောက်မှုစာရင်း အရ ၃,၁၄၄,၂၇၀ (သုံးသန်းကျော်) ရှိကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
၂၀၁၉ ခုနှစ်အတွင်း စက်တင်ဘာလအထိ လေကြောင်းဖြင့်ဝင်ရောက်သူ ၁,၂၅၆,၀၃၆ ဦး၊ အပျော်စီးသင်္ဘောဖြင့်ဝင်ရောက်သူ ၆၂၄၂ဦး၊ နယ်စပ်ဝင်ပေါက်မှ အတွင်းပိုင်းအထိဝင်ရောက်သူ ၈၈,၅၁၆ ဦး၊ ဗီဇာဖြင့်ဝင်ရောက်သူပေါင်း ၁,၃၅၀,၇၉၄ဦး၊ နယ်စပ်တွင်ဝင်ရောက်သူများ ၁,၇၉၃,၄၇၆ ဦးရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)