Social
သြင်္ကန် နှစ်သစ်ကူး ရုံးပိတ်ရက် ကာလ အတွင်း မော်တော်ယာဉ်သုံး သဘာ၀ ဓာတ်ငွေ့အရောင်းဆိုင် CNG များ ဖွင့်လှစ် ရောင်းချရန် စီစဉ်ထားရှိ

ရန်ကုန် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)
သြင်္ကန် နှစ်သစ်ကူး ရုံးပိတ်ရက် ကာလ ဧပြီ ၁၃ ရက်မှ ၁၆ ရက် အတွင်း အများပြည်သူများ ခရီး သွားလာရေး အဆင်ပြေ ချောမွေ့စေရန် လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန ကြီးကြပ်မှု အောက်ရှိ မော်တော်ယာဉ်သုံး သဘာ၀ ဓာတ်ငွေ့အရောင်းဆိုင် CNG များ ဖွင့်လှစ် ရောင်းချရန် စီစဉ်ထားရှိ ထားကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာနမှ ထုတ်ပြန် ကြေညာခဲ့သည်။
မော်တော်ယာဉ်သုံး သဘာ၀ ဓာတ်ငွေ့အရောင်းဆိုင် CNG များအား ရန်ကုန်တိုင်းဒေသကြီးတွင် ၄၁ ဆိုင် ရှိသည့် အနက် ၃၄ ဆိုင်အား လည်းကောင်း ၊ မန္တလေးတိုင်း ဒေသကြီးတွင် နှစ်ဆိုင် ရှိသည့် အနက် ပလိပ်မြို့ရှိ တစ်ဆိုင် အား လည်းကောင်း ၊ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တွင် နှစ်ဆိုင် ရှိသည့် အနက် တစ်ဆိုင် နှင့် ချောက်မြို့တွင် တစ်ဆိုင် စုစုပေါင်း နှစ်ဆိုင်အား လည်းကောင်း ပိတ်ရက် မရှိ နေ့စဉ် ပုံမှန် အတိုင်း ဖွင့်လှစ် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။(Xinhua)