Connect with us

Social

ပြည်တွင်း ၊ ပြည်ပ အလုပ်အကိုင် သုံးသောင်းကျော်အား မတ်လအတွင်း ခန့်ထားနိုင်ခဲ့

လုပ်သား ကျွမ်းကျင်မှု ပြိုင်ပွဲတွင် သရုပ်ပြနေမှု တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

ပြည်ပသို့ တရားဝင် စေလွှတ်ခြင်းနှင့် ပြည်တွင်း အလုပ် အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဆောင်ရွက်လျက် ရှိရာ ပြည်တွင်း ၊ ပြည်ပ အလုပ် အကိုင် သုံးသောင်းကျော်အား မတ်လအတွင်း ခန့်ထားနိုင်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်းအရ သိရသည်။

ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် အလုပ်ရရှိမှု အခြေအနေမှာ အစိုးရပုဂ္ဂလိက စုစုပေါင်း စုစုပေါင်း ၁၅,ဝဝ၃ နေရာ ခန့်ထားနိုင်ခဲ့ကြောင်း သိရသည်။

ထို့အတူ နိုင်ငံ အလိုက် ပြည်ပ အလုပ်အကိုင်ရရှိမှု အခြေအနေမှာ မလေးရှားနိုင်ငံသို့ ၁,ဝ၁ဝ ဦး၊ စင်ကာပူ နိုင်ငံသို့ ၁၄ ဦး၊ ကိုရီးယားနိုင်ငံသို့ ၇၁၃ ဦး၊ ထိုင်းနိုင်ငံ သို့ ၁၅၈၈၁ ဦး၊ ဂျပန်နိုင်ငံသို့ ၁၃၆ ဦး၊ ယူအေအီးသို့ ၅၆ ဦး၊ ဂျော်ဒန်နိုင်ငံသို့ ၃၅ ဦး၊ ကာတာနိုင်ငံသို့ ၁၄ ဦး စုစုပေါင်း ၁၇,၈၅၉ ဦးကို အလုပ် အကိုင် ရှာဖွေ ပေးနိုင်ခဲ့ကြောင်း သိရသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ် လုပ်ကိုင်နိုင်သူ တစ်ဦးချင်း ဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမို ရရှိစေရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.