Social
အလုပ်အကိုင် ရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် Onlineမှ အလုပ်အကိုင်ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်၊ ဒီဇင်ဘာ၁၃ ရက် (ဆင်ဟွာ)
သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရေးနှင့် အလုပ်ရှင်များအတွက်အလုပ် သမားလုံလောက်စွာခန့်အပ်ထားရှိရန်အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင်Labour Exchange Management System ဖြင့် Onlineမှ အလုပ်အကိုင်ဆောင်ရွက်ပေးလျက်ရှိကြောင်းအလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဒီဇင်ဘာလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။
ယင်းအစီအစဉ်အရ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် အလုပ်အကိုင်ရရှိမှုအနေဖြင့် အစိုးရအလုပ်အကိုင် ၅၂၅ ဦး ၊ ပုဂ္ဂလိကအလုပ်အကိုင် ၂၃,၉၄၃ ဦး၊စုစုပေါင်း ၂၄,၄၆၈ ဦးတို့ကိုအလုပ်အကိုင်များရှာဖွေပေးနိုင်ခဲ့ကြာင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင် ရရှိမှုအနေဖြင့်၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းထိုင်းနိုင်ငံသို့ ၂၁,၄၀၅ ဦးဖြင့် အများဆုံးနေရာတွင် ရပ်တည်နေပြီး၊ မလေးရှားနိုင်ငံသို့ ၈,၄၄၀ဉီး ၊ စင်ကာပူနိုင်ငံသို့ ၆၁ ဦး၊ ကိုရီးယားနိုင်ငံသို့ ၂၃၀ဉီး ၊ ဂျပန်နိုင်ငံသို့ ၅၉၁ဦး၊ ယူအေအီးနိုင်ငံသို့ ၂၄ ဦး ၊ ဂျော်ဒန်နိုင်ငံသို့ ၈၃ ဦး၊ ကာတာနိုင်ငံသို့ ၇ ဦးဖြင့် အသီးသီးရှိခဲ့ရာစုစုပေါင်း ၃၀,၈၄၁ ဉီးတို့ကိုပြည်ပသို့ အလုပ်အကိုင် ရှာဖွေပေးနိုင်ခဲ့ကြောင်းသိရသည်။
ထို့ပြင်နိုဝင်ဘာလအတွင်းပြည်တွင်းအလုပ်နေရာ ၂၄,၀၀၀ ကျော်တို့ကိုအလုပ်အကိုင် အခွင့်အလမ်းများရှာဖွေပေးခဲ့ကြောင်းလည်းသိရသည်။ (Xinhua)