Connect with us

Social

“သွေးချင်း တို့ရဲ ့ပွဲတော်ဆီ ” အခမ်းအနား ရန်ကုန်မြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပမည်

“သွေးချင်း တို့ရဲ ့ပွဲတော်ဆီ ” ပွဲတော်အား ရန်ကုန်မြို့ရှိ ကျိုက္ကဆံ အားကစားကွင်း၌ ၂၀၁၉ ခုနှစ် ၊ဇန်နဝါရီ ၂၅ ရက် ကကျင်းပနေခြင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

“သွေးချင်း တို့ရဲ ့ပွဲတော်ဆီ ” အခမ်းအနားအား ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ၂၀၂၀ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်မှ ၇ရက် အထိ စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရသည် ။

” သွေးချင်းတို့ရဲ့ပွဲတော်ဆီ” အခမ်းအနားအား မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းနှင့် ကယားပြည်နယ်တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းတို့မှ အဓိက တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။ ကယာပြည်နယ်၏ ဒေသထွက်ကုန်ပစ္စည်းများ ရိုးရာယဉ်ကျေးမှုများကိုပြပွဲတွင် ပြသသွားမည် ဖြစ်ပြီး ပြည်နယ် အစိုးရအဖွဲ့အနေနှင့် ပံ့ပိုးပေးမည် ရန်ပုံငွေကျပ်သိန်း ၁ထောင်ဖြင့် ကယားပြည်နယ် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းတို့မှ လိုအပ်သည်များပံ့ပိုးသွားရမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.