Social
အာရှဖလား အမျိုးသမီး ဖူဆယ် ခြေစစ်ပွဲ တွင် မြန်မာအသင်းက မကာအို အသင်းကို ဂိုးပြတ်အနိုင်ရ

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)
AFC Women’s Futsal Asian Cup (Qualifiers) အာရှဖလား အမျိုးသမီး ဖူဆယ် ခြေစစ်ပွဲ အုပ်စု (D) ပွဲစဉ်အဖြစ် မကာအို အသင်းနှင့် မြန်မာအသင်းတို့ ပွဲစဉ်ကို မြန်မာနိုင်ငံ ရန်ကုန်မြို့ သုဝဏ္ဏကွင်းရှိ MFF ဖူဆယ်အားကစားရုံတွင် ဇန်နဝါရီ ၁၉ ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၁၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ (Xinhua)