Social
ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် မြန်မာအလုပ်သမားများကို စေလွှတ်ရာတွင် စည်းမျဉ်း စည်းကမ်း လိုက်နာမှုမရှိသည့် ကုမ္ပဏီများ အား အရေးယူမည်
ရန်ကုန်၊ ဇူလိုင်၂၈ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် မြန်မာ အလုပ်သမားများကို စေလွှတ်ရာတွင် အလုပ်ရှင်၊ အလုပ်သမား သဘောတူ စာချုပ် စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာမှု မရှိသော၊ မြန်မာ အလုပ်သမားများ၏ အခွင့်အရေးနှင့် ကာကွယ် စောင့်ရှောက်မှုများကို အပြည့်အဝ ပေးနိုင်မှု မရှိသော ကုမ္ပဏီတို့အား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ နေပြည်တော်က အမည်မည်း စာရင်း (Black List ) ထည့်သွင်းထားမည် ဖြစ်ကြောင်း မြန်မာပြည် အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ သတင်း ထုတ်ပြန်သည်။
Black List သွင်းထားသော ထိုင်းကုမ္ပဏီများ ၂၂ ခုရှိပြီး ၊ MP Co.Ltd ၊PV Thaipart Limited Partnership ၊
Waries Services Limited Partnership ၊ Burana Thai Limited Partnership ၊ Rabeang Bon Garden Co.,ltd၊ VV Group Co.,Ltd ၊ Vanda Frozen Food ၊ Karn Corn Co.,Ltd ၊V & K Co.,Ltd ၊
Thonvijit (Thailand) Co.,Ltd ၊Lucky Spinning Co., Ltd ၊ S & N Human Power Employment Co., Ltd၊Joe Joint Venture Co.,Ltd ၊Joe Joint Construction Co., Ltd ၊Big Jab Contract Worker Co., Ltd ၊
Kittapas Construction Co., Ltd ၊Eddy Gold (Maesot) Co.,Ltd ၊ R.K Union Construction Co.,Ltd၊
Thai Millennium International Supply Co.,Ltd၊ Building Test Engineering Co.,Ltd ၊ Sirakorn Co., Ltd ၊K.T.T.S Construction Co.,Ltd တို့ ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
Black List သွင်းထားသော ထိုင်းကိုယ်စားလှယ် ၅ ဦး ရှိပြီး ၊ Mr. Perecha Yindeerak ၊
Mr. Phanthat Thean Than Thada ၊ Mrs. Sarima၊ Miss Aliya Panyasopa ၊
Miss Phonthip Chudi တို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)