Connect with us

Social

ရခိုင်ပြည်နယ်၌ မြစိမ်းရောင် ကျေးရွာစီမံကိန်းမှ ကျပ် သန်းပေါင်း ၃၁၂ သန်း စတင် ထုတ်ချေး

ရခိုင်ပြည်နယ် ပင်လယ်ကမ်းခြေတွင် ရေလုပ်သားနှစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် အတွက် မြစိမ်းရောင် ကျေးရွာ စီမံကိန်းမှ ငွေကျပ် သန်းပေါင်း ၃၁၂ သန်းကို စတင် ထုတ်ချေးလိုက်ကြောင်း စစ်တွေခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန ထံမှ သိရသည်။

အဆိုပါ ချေးငွေ ကျပ်သန်းပေါင်း ၃၁၂ သန်းသည် ကျေးရွာပေါင်း ၁ဝ၄ ရွာ၌ အရင်းအနှီးများ ပြုလုပ်နိုင်ရန် စတင် ထုတ်ချေးခြင်း ဖြစ်သည်။

မြစိမ်းရောင် ကျေးရွာစီမံ ကိန်းကို ရခိုင်ပြည်နယ် အတွင်း ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှ စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ၈၅ ရွာ၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ၂၁၂ ရွာကို ချေးငွေများ ထုတ်ချေးထားခြင်း ဖြစ်သည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ၁ဝ၄ ရွာကို ထုတ်ချေးသွားမည် ဖြစ်ပြီး ကျေးရွာ တစ်ရွာလျှင် ငွေကျပ်သိန်း ၃ဝဝ စီဖြင့် စုစုပေါင်း ငွေကျပ် ၃၁၂ သန်း ထုတ်ချေးမည် ဖြစ်သည်။

ယင်း ချေးငွေများကို အစိုးရက ပြန်လည် သိမ်းယူမှု မပြုလုပ်ဘဲ ကျေးရွာ၏ အမြဲတမ်း ရန်ပုံငွေ အဖြစ် ထုတ်ချေး ထားမည်ဖြစ်သည်။ (Xinhua)