Social
Myanmar Idol Season 3တွင် Winnerရရှိသူကို ကျပ် သိန်းငါးရာဆုချီးမြှင့်ပြီး တစ်ကိုယ်တော် ခွေထုတ်ပေးမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)
ယခုနှစ်အတွင်း ကျင်းပမည့် Myanmar Idol Season 3တွင် Winnerရရှိသူကို ကျပ် သိန်းငါးရာဆုချီးမြှင့်ပြီး တစ်ကိုယ်တော် ခွေထုတ်ပေးမည်ဖြစ်ကြောင်း ယခုကျင်းပသော စာနယ်ဇင်းရှင်းလင်းပွဲထံမှ သိရသည်။
Myanmar Idol Season 3 အတွက် လူရွေးပွဲကို ရန်ကုန်၊ မန္တလေး၊တောင်ကြီး၊ မကွေး၊ ပုသိမ် စသည့် မြို့ ကြီးများအပြင် မြို့ပေါင်း ၂၀ တွင်ပြုလုပ်မည်ဖြစ်ပြီး တေးသံရှင် မြန်မာပြည်သိန်းတန်၊ ရန်အောင်၊ မျိုးကျော့ မြိုင် နှင့် တင်ဇာမော် တို့က ဒိုင်လူကြီးများအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Season 3 ပြိုင်ပွဲကို ဧပြီလ ဒုတိယပတ်၌ စတင်ထုတ်လွှင့်သွားမည်ဖြစ်ပြီး နောက်ဆုံး ပွဲစဉ်ကို သြဂုတ်လ ဒုတိယပတ်တွင် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ Melia Hotel တွင် ယနေ့ နံနက် ၁၁ နာရီက စတင်ကျင်းပပြုလုပ်ခဲ့သော Myanmar Idol Season 3 အတွက် စာနယ်ဇင်းရှင်း လင်းပွဲသို့ Season 1 နှင့် Season 2 က ပြိုင်ပွဲဝင်များလည်း တက်ရောက်ခဲ့သည်။(Xinhua)