Social
ဒေသဆိုင်ရာလိုင်စင်ရဧည့်လမ်းညွှန်များကို National Guide အဖြစ် လုပ်ငန်းလိုင်စင်ပြောင်းလဲပေးရန် စီစဉ်

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
ယခုနှစ်အောက်တိုဘာလတွင် ဒေသဆိုင်ရာလိုင်စင်ရဧည့်လမ်းညွှန်များကို National Guide အဖြစ် လုပ်ငန်းလိုင်စင်ပြောင်းလဲပေးရန် စီစဉ်နေကြောင်း ရန်ကုန်မြို့ခရီးသွားဆိုင်ရာ သင်တန်းကျောင်းမှ တာဝန်ရှိသူ ဦးအောင်သူကပြောသည်။
ဒေသဆိုင်ရာ ဧည့်လမ်းညွှန်များအား လုပ်ငန်းအတွေ့အကြုံ၊ လုပ်သက် နှင့် ကျွမ်းကျင်မှုအားကြည့်၍ National Guide အဖြစ်လုပ်ငန်းလိုင်စင်ပြောင်းလဲပေးမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ထုတ်ပေးရန် အရည်အချင်းစစ် စာမေးပွဲများအား ရန်ကုန် နှင့် မန္တလေးမြို့တို့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် ဧည့်လမ်းညွှန်ပေါင်း ၉၀၀၀ ကျော် မွေးထုတ်ပေးခဲ့ပြီး လိုင်စင်ရသူ ၄၀၀၀ ကျော်ရှိကြောင်း သိရသည်။ (Xinhua)