Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
ရန်ကုန်မြို့ မြစ်ကြောင်းတစ်လျှောက် နေဝင်ချိန်ဆည်းဆာ ခံစားနိုင်မည့် ခရီးစဉ်အား စနေနှင့် တနင်္ဂနွေ အားလပ်ရက်များအတွင်း အပတ်စဉ် Yangon Water Bus မှ ပြေးဆွဲမည် - Xinhua News Agency
Connect with us

Social

ရန်ကုန်မြို့ မြစ်ကြောင်းတစ်လျှောက် နေဝင်ချိန်ဆည်းဆာ ခံစားနိုင်မည့် ခရီးစဉ်အား စနေနှင့် တနင်္ဂနွေ အားလပ်ရက်များအတွင်း အပတ်စဉ် Yangon Water Bus မှ ပြေးဆွဲမည်

Yangon Water Bus အားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ နိုဝင်ဘာ ၃၀ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ မြစ်ကြောင်းတစ်လျှောက် နေဝင်ချိန်ဆည်းဆာ ခံစားနိုင်မည့် ခရီးစဉ်အား စနေနှင့် တနင်္ဂနွေ အားလပ်ရက်များအတွင်း အပတ်စဉ် Yangon Water Bus မှ ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါခရီးစဉ်အရ ဒီဇင်ဘာ ၁ ရက်နှင့် ၂ ရက် ဖြစ်သော စနေနှင့် တနင်္ဂနွေ အားလပ်ရက်များမှစတင်၍ Yangon Water Bus မှာ ဆိပ်ကမ်း-ဗိုလ်တထောင်မှ ညနေ ၅ နာရီတွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ညနေ ၆ နာရီခွဲတွင် ဗိုလ်တထောင်ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိ မည်ဖြစ်သည်။ ခရီးသည်တစ်ဦးအတွက် လက်မှတ် တစ်စောင်လျှင် ငွေကျပ် ၃ဝဝဝ နှုန်းဖြင့် နေဝင်ဆည်းဆာ ခရီးစဉ်ကို ပြေးဆွဲပေးသွားမည်ဖြစ်ပြီး နိုင်ငံခြားသား ခရီးသည် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ငါးဒေါ်လာ သတ်မှတ်ထားကြောင်းလည်း သိရသည်။

ဒီဇင်ဘာ ၂ ရက်(တနင်္ဂနွေ)မှစတင်၍ ဗိုလ်တထောင်- တွံတေး ခရီးစဉ်ကိုပါ အပတ်စဉ် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ဆိပ်ကမ်း-ဗိုလ်တထောင်မှ နံနက် ၉ နာရီခန့်တွင် စတင် ထွက်ခွာမည်ဖြစ်ကာ ညနေ ၃ နာရီခန့်တွင် ဗိုလ်တထောင် ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး ခရီးစဉ်၌ ရွှေဆံတော်ဘုရားနှင့် ဒေသခံများ လုပ်ကိုင်နေကြသည့် အိုးလုပ်ငန်းများ အပါအဝင် ရက်ကန်းလုပ်ငန်းများကိုပါ ဝင်ရောက်လေ့လာနိုင်ကြမည်ဖြစ်သည်။

ခရီးစဉ်၌ ခရီးသည်များအတွက် ကော်ဖီ၊ ရေသန့်၊ နေ့လယ်စာနှင့် လည်ပတ်ရန် ကားခအားလုံးအပါ အဝင် ခရီးသည်တစ်ဦးလျှင် လက်မှတ်ခနှုန်းထား ငွေကျပ် ၇ဝဝဝ ကျသင့်မည်ဖြစ်ပြီး အဲကွန်းအခန်း အတွက် တစ်ဦးလျှင်ငွေကျပ် ၈ဝဝဝ သတ်မှတ် ထားကြောင်းနှင့် နိုင်ငံခြားသားခရီးသည်တစ်ဦး လျှင် အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာ သတ်မှတ် ထားကြောင်းလည်း သိရသည်။

ခရီးသွားပြည်သူများ၏ တောင်းဆိုချက်အရ အထူးအစီအစဉ်ဖြစ်သော ဗိုလ်တထောင်-သန်လျင်နှင့် ကျောက်တန်းရေလယ်ဘုရားဖူး ခရီးစဉ်များကိုပါ ဒီဇင်ဘာ ၂ ရက်(တနင်္ဂနွေ)မှစတင်၍ ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ဗိုလ်တထောင်ဆိပ်ကမ်းမှ နံနက် ၉ နာရီခန့်တွင် စတင်ထွက်ခွာမည်ဖြစ်ကာ လိုက်ပါစီးနင်းသော ခရီးသည်များအနေဖြင့် သင်္ဘောပေါ်တွင် လေညင်း ခံ၍ သန်လျင်နှင့် ကျောက်တန်းမြို့နယ်သို့သွား သည့် ခရီးစဉ်တစ်လျှောက် မြင်ကွင်းအလှများကို ကြည့်ရှုခံစားနိုင်ကြမည်ဖြစ်သည်။ ခရီးစဉ် ကြာမြင့်ချိန် နှစ်နာရီခန့် မောင်းနှင်ပြီးလျှင် ကျောက်တန်းရေလယ်ဘုရားသို့ ရောက်ရှိမည် ဖြစ်ပြီး ဘုရားဖူးခြင်းနှင့် ကမ်းနားဈေးလည်ပတ် ရန်အတွက် အချိန် နှစ်နာရီရရှိမည်ဖြစ်ကြောင်း လည်း သိရသည်။

အဆိုပါ ဗိုလ်တထောင်-သန်လျင်နှင့် ကျောက်တန်းရေလယ်ဘုရားဖူးခရီးစဉ်၌ လိုက်ပါ စီးနင်းမည့် ခရီးသည်များအတွက် ရေသန့်၊ ကော်ဖီ၊ Lunch Boxတို့နှင့် ဧည့်ခံသွားမည်ဖြစ်ပြီး ထိခိုက်မှုအာမခံလည်း ပါဝင်ကာ ခရီးသည်တစ်ဦး လျှင် လက်မှတ်ခနှုန်းထား ငွေကျပ် ၆ဝဝဝ သတ်မှတ်ထားကြောင်း သိရသည်။

Yangon Water Bus၏ ဗိုလ်တထောင်- တွံတေးခရီးစဉ်ကို ဒီဇင်ဘာ ၂ ရက်(တနင်္ဂနွေ)မှစတင်၍ အပတ်စဉ်ပြေးဆွဲသွားမည်ဖြစ်ပြီး ဗိုလ်တထောင်-သန်လျင်နှင့် ကျောက်တန်းရေလယ် ဘုရားဖူးခရီးစဉ်ကိုမူ ရေအတက်အကျပေါ် မူတည်၍ အပတ်စဉ်ပြေးဆွဲပေးသွားမည်ဖြစ် ကြောင်းနှင့် ခရီးစဉ်လက်မှတ်များအားYangon Water Bus၏ လူမှုကွန်ရက်စာမျက်နှာမှ သော်လည်းကောင်း၊ ဗိုလ်တထောင်ဆိပ်ကမ်းတွင် လည်းကောင်း ဝယ်ယူရရှိနိုင်ကြောင်း ကြေးမုံသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.