Connect with us

Social

ရန်ကုန်တိုင်းသေကြီး ရှိ တန်ဖိုးနည်းအိမ်ယာစီမံကိန်းများအနက်မှ ကျန်စစ်မင်း အိမ်ရာအတွင်းမှ အိမ်ရာ တချို့ကို ဒီဇင်ဘာလအတွင်း ရောင်းချရန် စီစဉ်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တိုက်ခန်းတချို့ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၌ အကောင်အထည် ဖော်လျက်ရှိသော တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ရာများအနက် ကျန်စစ်မင်း အိမ်ရာအတွင်းမှ အိမ်ရာ တချို့ကို ဒီဇင်ဘာလအတွင်း ရောင်းချရန် စီစဉ်နေကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန မူဝါဒနှင့် စီမံကိန်းဌာနမှ သိရသည်။

အဆိုပါအိမ်ရာများကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ယူ၍ ပြည်သူများ၏ အိမ်ရာအခန်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့် အနေဖြင့် တည်ဆောက်ပေးနေခြင်း ဖြစ်သည်။ တည်ဆောက်ပြီးစီးသော အိမ်ရာများကို ဆက်လက်ရောင်းချ ပေးမည်ဖြစ်ပြီး လက်ရှိတွင် ကျန်စစ်မင်း အိမ်ရာအတွင်း အိမ်ရာအခန်းများ တည်ဆောက်မှု ပြီးစီးနေ ပြီဖြစ်သည့်အတွက် ဒီဇင်ဘာလအတွင်း ရောင်းချပေးရန် စီစဉ်နေခြင်းဖြစ်သည်။

တည်ဆောက်ပြီးစီးသည့် အခန်းများကို ဆောက်လုပ်ရေး၊အိမ်ရာနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်(CHID Bank) နှင့် ချိတ်ဆက် ရောင်းချပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် ယုဇနအိမ်ရာ အပိုင်း (၁) နှင့် (၂ )ရှိ ရောင်းချရန် ကျန်ရှိနေသော အခန်းများကိုလည်း CHID ဘဏ်နှင့် ချိတ်ဆက်ပြီး မဲစနစ်ဖြင့် ထပ်မံရောင်းချပေးရန် ရှိကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် အိမ်ရာစီမံကိန်းသစ်များ ထပ်မံဖော်ဆောင်မည် မဟုတ်ဘဲ လက်ရှိ ဆောင်ရွက်နေသော စီမံကိန်းများကိုသာ ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မဲစနစ်ဖြင့် ရောင်းချပေးမှုများတွင် အိမ်ရာ ဝယ်ယူရန် မဲရရှိထားသော်လည်း လိုချင်သော အခန်းမရသဖြင့် လာဆက်သွယ်ခြင်း မရှိသည့် အခြေအနေများလည်း ရှိကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီး၌ တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ရာရောင်းချရန် ထောင်ချီ၍ ကျန်ရှိနေသေးပြီး ယင်းတို့ကိုလည်း ဆက်လက် ရောင်းချပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် ဒဂုံ(တောင်ပိုင်း)မြို့နယ်ရှိ ရိုးမအိမ်ရာမှ အခန်းပေါင်း ၃ဝဝဝ ကျော်နှင့် အောင်မြင့်မိုရ်အိမ်ရာမှ အခန်းများကိုလည်း ယခုဘဏ္ဍာနှစ်အတွင်း ရောင်းချပေးရန်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.