Connect with us

Social

YBSစနစ်အတွက် ကားအစီးရေ ၁၀၀၀နီးပါး ထပ်မံ ဝယ်ယူရန်ရှိဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇန်န၀ါရီ ၁၆ ရက်နေ့က ပြောင်းလဲပြေးဆွဲခဲ့သော YBSယာဉ်များအား တွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇန်နဝါရီ ၁၆ ရက်နေ့က ပြောင်းလဲပြေးဆွဲခဲ့သော YBSစနစ်အတွက် ကားအစီးရေ ၁၀၀၀နီးပါး ထပ်မံဝယ်ယူရန် အစီစဉ်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

”မနေ့က အစည်းအဝေးဆုံးဖြတ်ချက်အရ ယာဉ်အစီးရေ ၁ဝဝဝ လောက်ကို ဝန်ကြီးချုပ်က ဝယ်ဖို့ရှိပါတယ်။ လောလောလတ်လတ် လက်ရှိတင်သွင်းပြီးသားကုမ္ပဏီတွေကလည်း ကားတွေထပ်ဝယ်ဖို့ ရှိပါတယ်။ ဒါက မလဲမနေရ ယာဉ်အိုယာဉ်ဟောင်းနေရာမှာ အစားထိုးဖို့ပါ။ ရေရှည်အတွက်ကတော့ ကားအစီးရေ တော်တော်များများကိုအသစ်တွေနဲ့ ပြန်လဲသွားမှာပါ” ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

ယခုလကုန်ပိုင်းမှစ၍ ဖေဖော်ဝါရီလကုန် နောက်ဆုံးထားကာ ယာဉ်အသစ် အစီးရေ ၄ဝဝ နီးပါး ထည့်သွင်းပြေးဆွဲနိုင်ရေးအတွက် ကြိုးပမ်းနေသည့်အပြင် ခရီးသုံးဆင့်ဖြင့် နေ့စဉ်ခရီးသွားနေရသူများအတွက် ယာဉ်လမ်းကြောင်းသစ်များ ဖန်တီးပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

ယာဉ်အသစ်များ ဝယ်ယူရန် ငွေကျပ် ၇ဝ ဘီလီယံခန့် အသုံးပြုထားသော်လည်း လက်ရှိအခြေအနေတွင် ယာဉ်အားလုံးကို အသစ်ပြောင်းလဲနိုင်ရန် အခက် အခဲများရှိနေ၍ ယာဉ်အဟောင်းများ ဆက်လက် သုံးစွဲနေရသည်။

လက်ရှိ ဇန်နဝါရီ ၁၆ ရက်မှ ယာဉ်လိုင်းပေါင်း ၆၁ လိုင်း ယာဉ်အစီးရေ နှစ်ထောင်ကျော်ဖြင့် စတင်ပြေးဆွဲခဲ့သော ရန်ကုန်ဘတ်စ်ဆားဗစ်သည် ယခုအခါ ယာဉ်လိုင်းပေါင်း ၇၁ လိုင်း ယာဉ်အစီးရေ သုံးထောင်ဖြင့် တိုးချဲ့ပြေးဆွဲလျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.