Connect with us

Social

YBSယာဉ်များအား GPSစနစ်တပ်ဆင်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ အကုန်ကျခံ မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော YBSယာဉ်များအား တွေ့ရစဉ် (ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း သတ်မှတ်လမ်းကြောင်းအတိုင်း ပြေးဆွဲခြင်းရှိမရှိ သိရှိစေရန် YBSယာဉ်များကို ထိန်းချုပ်နိုင်မည့် GPS စနစ်တပ်ဆင်မှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အကုန်အကျခံ တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်များ သတ်မှတ်လမ်းကြောင်းအတိုင်း ပြေးဆွဲခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်၏ ရဲစခန်းနှင့် ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့(YRTA)တို့မှ ပူးပေါင်း ၍ ဖမ်းဆီးမည်ဖြစ်ကြောင်း YRTAဌာနထံမှ သိရသည်။

GPS စနစ်တပ်ဆင်ရာတွင် GPS တစ်ခုကို ငွေကျပ် ၂၅ဝဝဝဝ ခန့်ကုန်ကျမည်ဖြစ်ပြီး ယာဉ်အားလုံးအတွက် ကုန်ကျစရိတ်ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ကျခံမည် ဖြစ်သည်။

တပ်ဆင်ပေးထားသော GPS စက်များကို ဖျက်ဆီးပါက ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုဖြင့် ဖမ်းဆီးအရေးယူမည်ဖြစ်ပြီး ယာဉ်လိုင်း ပိုင်ရှင်များက ပျက်စီးသွားသည့် GPS စက်၏ တန်ဖိုးကို ပေးလျော်ရမည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.