Connect with us

Social

YBS (၉၆) ယာဉ်လိုင်း ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီြမို့နယ် မှော်ဘီနည်းပညာတက္ကသိုလ်မှ စတင်ပြေးဆွဲရန် စီစဉ်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ဝန်ကြီးဒေါ်နီလာကျော်အားတွေ့ရစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

YBS (၉၆) ယာဉ်လိုင်းကို ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မှော်ဘီနည်းပညာတက္ကသိုလ်မှ အခြေပြုပြီး စတင်ပြေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ဝန်ကြီးဒေါ်နီလာကျော်က ပြောသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသိန်းလှိုင်က မှော်ဘီမြို့နယ် အမှတ်(၄)လမ်းမကြီး အစမှအဆုံး လှော်ကားလမ်းဆုံ အထိ ဘေးပတ်ဝန်းကျင် ကျေးရွာများတွင် မှီတင်းနေထိုင်ကြသော ပြည်သူများ၏ သွားလာရေး အဆင်ပြေစေရေးအတွက် သင့်တော်သည့် YBS ယာဉ်လိုင်း တစ်လိုင်းအား ပြေးဆွဲပေးရန် အစီအစဉ် ရှိ၊မရှိကို သိရှိလိုပါကြောင်း မေးမြန်းရာ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး သတ္တမပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့၊ နံနက်(၁၀)နာရီတွင် ကျင်းပခဲ့သည်။

“ယခုအခါမှာ ရန်ကုန်ဘတ်စ်ကား အများနဲ့သက်ဆိုင်သော ကုမ္ပဏီလီမိတက်(YBPC )ရဲ့ စီမံမှုအောက်မှာရှိတဲ့ YBS (၉၆)ယာဉ်လိုင်းက ရွှေပြည်သာ လှော်ကားလမ်းဆုံမှ ဂိတ်ရင်းထားပြီးတော့ သာကေတအထိ ပြေးဆွဲလျက်ရှိတဲ့ ယာဉ်လိုင်းကို ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်ကြီး လာရောက် ဆွေးနွေးချက်အရ ဒီရက်ပိုင်းအတွင်းမှာပဲ YBS(၉၆)ယာဉ်လိုင်းကို မှော်ဘီနည်းပညာ တက္ကသိုလ်ကနေ အခြေပြုပြီး ၎င်းမှ မှော်ဘီ၊ အမှတ်(၄)လမ်းမကြီး၊ ရွှေပြည်သာ၊ လှော်ကားလမ်းဆုံ၊ ဒညင်းကုန်းလမ်းဆုံ၊ ခရေပင်လမ်းဆုံ၊ ပြည်လမ်း၊ (၈)မိုင်၊ ကမ္ဘာအေးဘုရားလမ်း၊ ချော်တွင်းကုန်း၊ ပါရမီလမ်း၊ သုမင်္ဂလာလမ်း၊ လေးထောင့်ကန်လမ်း၊ စံပြဈေးလမ်း၊ သုဝဏ္ဏလမ်း၊ ကမာကြည်လမ်း၊ ရှုခင်းသာလမ်း၊ သာကေတအဝိုင်း၊ ဧရာဝဏ်လမ်း၊ သာကေတ(နဝရတ်လမ်း)နှင့် ရတနာလမ်းဆုံ ဂိတ်ဖျားအထိ ပြေးဆွဲပေးသွားမှာဖြစ်ကြောင်းနဲ့ ဒီယာဉ်လိုင်းကို မှော်ဘီနည်းပညာ တက္ကသိုလ်ကနေ အခြေပြုပြီး စတင်ပြေးဆွဲဖို့ အတွက်ကို စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။” ဟု ဝန်ကြီးက ပြောသည်။

ယခင်က သန်မြန်သူ (၈၄) ယာဉ်လိုင်းခေတ်တွင် မှော်ဘီဈေးမှ ရန်ကုန်ပြည်လမ်း အမှတ်(၄)လမ်းမကြီး လှော်ကားလမ်းဆုံအထိ ဒိုင်နာယာဉ်များဖြင့်သာ ပြေးဆွဲခဲ့ပြီး YBS စနစ်ကို ပြောင်းလဲလာသည့် အချိန်တွင် အဆိုပါယာဉ်လိုင်းသည် လူစီးယာဉ်အဖြစ် အသုံးပြုရန် မသင့်တော်သည့်အပြင် ခရီးသည်ရရှိမှု အခြေအနေများနှင့် ပြေးဆွဲယာဉ်အင်အား လျော့နည်းသွားမှုကြောင့် ပြေးဆွဲမှုများ ရပ်နားသွားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.