Connect with us

Sport

အာရှဖလား တ တိ ယ အ ဆင့် ခြေ စစ် ပွဲ မြန်မာ အသင်း ယှဉ်ပြိုင်မည်

မြန်မာလက်ရွေးစင်အသင်းယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ --MFF)

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

အာရှဘောလုံးအဖွဲ့ချုပ်ကကြီးမှူးကျင်းပမည့် ၂ဝ၁၉ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို ဇန်နဝါရီလ အတွင်း ကျင်းပမည်ဖြစ်ပြီး မြန်မာ့ လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

အာရှဖလား ခြေစစ်ပွဲကို အဆင့်သုံးဆင့်ခွဲ၍ ကျင်းပခဲ့ပြီး ပထမ အဆင့်နှင့် ဒုတိယအဆင့်ကို ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲများနှင့် တစ်ပေါင်းတည်းကျင်းပမည်ဖြစ်ည်။ ယခုကျင်းပမည့် တတိယအဆင့် ခြေစစ်ပွဲတွင် အသင်း ၂၄ သင်းဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ လေးသင်း ခြောက်အုပ်စုခွဲ၍ကျင်းပ မည်ဖြစ်ကြောင်း၊ အုပ်စုတစ်စုစီမှ ထိပ်ဆုံးနှစ်သင်း စီမှာ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အသင်းသည် ၂ဝ၁၇ ခုနှစ်အတွင်း၌ အာရှဖလားတတိယအဆင့် ခြေစစ်ပွဲကိုသာ လက်ရှိအချိန်ထိ ယှဉ်ပြိုင် ရန်ရှိနေပြီး ယင်းခြေစစ်ပွဲပွဲစဉ်ကို ၂ဝ၁၇ ခုနှစ်မတ်လမှ ၂ဝ၁၈ ခုနှစ် မတ်လအထိ တစ်နှစ်ကြာ အိမ်ကွင်း၊ အဝေးကွင်း ပုံစံဖြင့် ကျင်းပမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်သည် အသင်းတွင်လူငယ် ကစားသမားများကို အဓိက ရွေးချယ် ဖွယ်ရှိ နေရာ မလေးရှားဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာယူ-၂၂အသင်းနှင့် ကစားသမား ရွေးချယ်မှုအတွက် ညှိနှိုင်း ရဖွယ် ရှိနေသည်။
မြန်မာ့လက်ရွေးစင် အသင်းသည် နောက်ဆုံး ယှဉ်ပြိုင်ခဲ့သည့် အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် အဆင့် သို့ တက်ရောက် နိုင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.