Connect with us

Sport

အာဆီယံ ယူ-၁၅ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို မြန်မာ အမျိုးသမီး ယူ-၁၅ အသင်း ဝင်ရောက် ယှဉ်ပြိုင်မည်

အာဆီယံ ယူ-၁၅ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အချိန်စာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် ၊မေလ တွင် ကျင်းပမည့် အာဆီယံ ယူ-၁၅ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို မြန်မာ အမျိုးသမီး ယူ-၁၅ အသင်း ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

မြန်မာ ယူ-၁၅ အသင်းသည် အုပ်စုတွင်း၌ ဒေသတွင်း အဓိက ပြိုင်ဘက်များ ဖြစ်သည့် ဗီယက်နမ်၊ ထိုင်းတို့နှင့် အုပ်စုကျပ်အတွင်း ကျရောက် လျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

အဆိုပါ ပြိုင်ပွဲကို လာအိုနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည် ဖြစ်သည်။ အာဆီယံ ယူ-၁၅ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲ၏ အုပ်စု(က)တွင် အိမ်ရှင်လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား အသင်းတို့ ပါဝင်နေပြီး အုပ်စု(ခ)တွင် ဖိလစ်ပိုင်၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ တီမော အသင်းတို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.