Connect with us

Sport

အောင်လအန်ဆန် နှင့် ပိုလန်နိုင်ငံသားတို့ ထိုးသတ်မည်

အောင်လအန်ဆိုင်း (ခ) မြန်မာစပါးကြီးမြွေ မတ်လအတွင်းက ရန်ကုန်၌ အီဂျစ်နိုင်ငံသားနျင့် ထိုးသတ်ပွဲတွင် ပရိတ်သတ်များကိုလက်ဆွဲ နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

မြန်မာစပါးကြီးမြွေဟု တင်စားခေါ်ဝေါ်ကြသည့် ကချင်တိုင်းရင်းသား MMAကစားသမား အောင်လအန်ဆန် ယှဉ်ပြိုင်ထိုးသတ်မည့် ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲကို အောက်တိုဘာ ၇ ရက်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်ကြောင်း၊ အောင်လအန်ဆန်သည် ကမ္ဘာ့ချန်ပီယံလုပွဲထိုးသတ်ရန်စီစဉ်ခဲ့သော်လည်း အဆင်မပြေခဲ့သောကြောင့် ပိုလန် MMA ကစားသမားနှင့်ထိုးသတ်မည်ဖြစ်သည်။

ပတ်စတာနက်သည် ၁၃ ပွဲမြောက်အဖြစ် မြန်မာစပါးကြီးမြွေ အောင်လအန်ဆန်နှင့် ထိုးသတ် ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၁၂ ပွဲတွင် ၁၁ ပွဲနိုင် တစ်ပွဲရှုံးနိမ့်ထားသည်။ အောင်လအန်ဆန် သည် ယခုနှစ်အတွင်း ပြိုင်ပွဲများဆက်တိုက်ယှဉ်ပြိုင်လျက် ရှိပြီး တတိယအကြိမ်ထိုးသတ်မည့်ပွဲလည်းဖြစ်သည်။ အောင်လအန်ဆန်သည် မြန်မာနိုင်ငံ၌ ပထမဆုံးထိုးသတ်သည့်ပွဲကို မတ်လအတွင်းက ကျင်းပခဲ့ရာ အီဂျစ်နိုင်ငံသား မိုဟာမက်အလီကို အနိုင်ရခဲ့သည်။ ထို့ပြင် ဇူလိုင်လဆန်းပိုင်းက တရုတ်နိုင်ငံ၌ကျင်းပခဲ့သည့် ပြိုင်ပွဲတွင်လည်း အောင်လအန်ဆန်သည် ရုရှားနိုင်ငံသား ဘူတိုရင်ကို ထပ်မံအနိုင်ရရှိခဲ့သည်။

အောင်လအန်ဆန်သည် မူလကမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ ထိုးသတ်ရန် လက်ရှိချန်ပီယံ ရုရှားနိုင်ငံသားကို ကမ်းလှမ်းခဲ့သော်လည်း ၎င်းမှာ ဝိတ်လျော့ခဲ့သောကြောင့် ယင်းအတန်းတွင် ထိုးသတ်ခွင့်မရတော့ပေ။အောင်လအန်ဆန် ထိုးသတ်မည့် MMA ပြိုင်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၆ ရက်တွင် ကန်တော်ကြီးပဲလေ့စ် ဟိုတယ်၌ ကျင်းပမည်ဖြစ်ကြောင်း မြဝတီသတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.