Connect with us

Sport

မြန်မာ့ လက်ရွေးစင်အသင်း ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားရန် အိန္ဒိယ နယူးဇီလန်နှင့် အာဆီယံ ဒေသတွင်း နိုင်ငံများကို ကမ်းလှမ်းထား

မြန်မာ့လက်ရွေးစင်အသင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

ဆူဇူကီးဖလား ပြိုင်ပွဲအတွက် ပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းသည် ဥရောပငါး နိုင်ငံခရီးစဉ် မတိုင်မီ မြန်မာနိုင်ငံ၌ ဖီဖာ အသိအမှတ်ပြု ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားရန် အိန္ဒိယ၊ နယူးဇီလန်နှင့် အာဆီယံဒေသ တွင်း နိုင်ငံများ အပါအဝင် စုစုပေါင်း ခုနစ်နိုင်ငံကို ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) တာဝန်ရှိသူတစ်ဦးကပြောသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် အသင်းအား ဆူဇူကီးဖလား ပြိုင်ပွဲ၌ အောင်မြင်မှု ရရှိရန် ပြင်ဆင်မှုများ ပြုလုပ်ရာတွင် ဥရောပငါးနိုင်ငံ ခရီးစဉ် မတိုင်မီ သြဂုတ် ၂၉ ရက်တွင် တစ်ပွဲနှင့် စက်တင်ဘာ ၇ ရက် မတိုင်မီ တစ်ပွဲ ဖီဖာ အသိအမှတ်ပြု ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရန် အာရှနှင့် အာဆီယံ ဒေသတွင်းနိုင်ငံ ခုနစ်နိုင်ငံကို ကမ်းလှမ်းထားကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် အသင်းသည် ယင်းခြေစမ်းပွဲ အပြီးတွင် ဥရောပငါးနိုင်ငံသို့ ခြေစမ်းပွဲနှင့် လေ့ကျင့်မှုများ ပြုလုပ်ရန် စက်တင်ဘာ ၁ဝ ရက်တွင် ထွက်ခွာမည် ဖြစ်သည်။ ဥရောပ ငါးနိုင်ငံအဖြစ် ဂျာမနီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဟန်ဂေရီနှင့် ဆိုက်ပရပ်စ်နိုင်ငံတို့သို့ တစ်လကျော် သွားရောက်ကာ လေ့ကျင့်မှုများပြုလုပ်၍ အောက်တိုဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.