Connect with us

Sport

တူရကီနိုင်ငံ အစ္စမေးလ် မြို့၌ ကျင်းပမည့် IZMIR U12 CUP မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် စီးတီးရန်ကုန် ဘောလုံးအသင်း၏ လူငယ် ဘောလုံးအသင်း ဝင်ရောက် ယှဉ်ပြိုင်မည်

၂၀၁၆ ခုနှစ်တွင် ကျင်းပခဲ့သည့် IZMIR U12 CUP ၏ မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

ဥရောပတိုက်ရှိ နိုင်ငံများမှ ထိပ်သီးကလပ် အသင်းများ၏ လူငယ် ဘောလုံးအသင်းများ ပါဝင် ယှဉ်ပြိုင် ကစားမည့် IZMIR U12 CUP (အစ္စမေးလ်ယူ-၁၂) ဘောလုံး ပြိုင်ပွဲကို ၂ဝ၁၇ ခုနှစ် ဧပြီလတွင် တူရကီနိုင်ငံ အစ္စမေးလ် မြို့၌ ကျင်းပမည် ဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် စီးတီးရန်ကုန် ဘောလုံးအသင်း၏ လူငယ် ဘောလုံးအသင်း ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ယင်းပြိုင်ပွဲကို၂ဝ၁၇ ခုနှစ် ဧပြီ ၁၂ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီး အသင်း ၁၁ သင်း ပါဝင်ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်၌ စီးတီးရန်ကုန် ဘောလုံးအသင်း အနေဖြင့် ပြည်တွင်း ပြိုင်ပွဲများကို ဟော်ရီဇွန် (Horizon)အမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင် ခဲ့သောကြောင့် တူရကီ နိုင်ငံ၌ ကျင်းပမည့် ယင်းပြိုင်ပွဲကြီးကို Horizon အမည်ဖြင့် ပါဝင်ယှဉ်ပြိုင် ကစားရန် ဖိတ်ကြား ထားသော်လည်း အသင်းအနေဖြင့် မကြာခင် ကာလက ပြောင်းလဲထားသည့် စီးတီးရန်ကုန် အသင်း အမည်ဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ဥရောပတိုက် နိုင်ငံများ၏ ထိပ်သီးကလပ် အသင်းများဖြစ်သည့် ဘိုင်ယန်မြူးနစ်၊ မန်ချက်စတာ စီးတီး၊ ပီအက်စ်ဂျီ၊ ဂါလာတာစာရေး၊ လေဗာကူဆင်၊ ပါနာသီ နိုင်ကော့စ်၊ ဒိုင်နမိုဇာဂရက်၊ ဖီနာဘာချီ စသည့် အသင်းများမှ လူငယ် ယူ-၁၂ အသင်းများ ပါဝင်ယှဉ်ပြိုင် ကစားမည် ဖြစ်ကြောင်း သိရသည်။

စီးတီးရန်ကုန် ဘောလုံး အသင်းသည် ယင်းပြိုင်ပွဲ၌ ထိုက်သင့်သည့် အောင်မြင်မူကိုလည်း ရယူနိုင်ရန် ရည်မှန်းပြီး ဝင်ရောက်ယှဉ်ပြိုင် ကစားသွားမည် ဖြစ်သည်။

အဆိုပါ အသင်းသည် ရန်ကုန်တိုင်း ဒေသကြီး ကိုကိုယ်စားပြုပြီး ထူထောင်ထားသည့် အသင်းဖြစ်ပြီး ပြည်တွင်းကို လာရောက် ရင်းနှီးမြှုပ်နှံကာ ဖွင့်လှစ်ထားသည့် တူရကီ နိုင်ငံမှ Horizon နိုင်ငံတကာ ကျောင်းမှထူထောင် ဖွဲ့စည်းထားသည့် အသင်းလည်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.