Connect with us

Sport

၂၀၁၇ ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ၏ ၄၂ ကီလိုမီတာမာရ သွန်ပြိုင်ပွဲတွင် ကင်ညာနိုင်ငံသားမှ ငါးကြိမ်ဆက်တိုက်ချန်ပီယံဖြစ်လာ

ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲအားယှဉ်ပြိုင်နေကြစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

၂၀၁၇ ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲအား ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံ (၁)တွင် ကျင်းပတာလွှတ်ခဲ့ပြီး အမျိုးသားအပြည့်မာရသွန် ( ၄၂ ကီလိုမီတာ) ပြိုင်ပွဲတွင် ကင်ညာနိုင်ငံသား Mr.Joseph Gitau Kariuk (မစ္စတာ ဂျိုးဇက်ဂီတုကာရွတ်) ကဗိုလ်စွဲခဲ့ပြီး ငါးကြိမ်ဆက်တိုက် ချန်ပီယံဖြစ်လာခဲ့သည်။

ထို ၄၂ ကီလိုမီတာပြိုင်ပွဲတွင် ကိုသောင်းအေး (မြန်မာ) မှ ဒုတိယဆု ရရှိခဲ့ပြီး ၊ ဂျပန်နိုင်ငံသား Mr.Kenta Komasty (မစ္စတာ ကန်တာကိုမတ်စတီ) က တတိယဆုရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ၄၂ ကီလိုမီတာမာရ သွန်ပြိုင်ပွဲ၊ ၂၁ ကီလိုမီတာ တစ်ဝက် မာရသွန် ပြိုင်ပွဲ၊ စိန်ခေါ်မာရသွန် ၁ဝ ကီလိုမီတာ ပြိုင်ပွဲနှင့် အပျော်တမ်း ၃ ကီလိုမီတာ အပြေး ပြိုင်ပွဲနှင့် လမ်းလျှောက်ပြိုင်ပွဲများအား ကျင်းပခဲ့သည်။

ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲတွင် အနိုင်ရရှိသူများ၏စာရင်းအား ရိုးမ-ရန်ကုန်မှ ထုတ်ပြန်ကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ– ရိုးမ-ရန်ကုန်)

၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် ကျင်းပသည့် ရိုးမ-ရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းမှ စတင်တာထွက်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်အပြေးသမား ၈ဝဝဝ ကျော် ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ရိုးမ- ရန်ကုန် မာရသွန်ပြိုင်ပွဲကို ၂ဝ၁၃ ခုနှစ်ကစတင် ကျင်းပခြင်းဖြစ်ပြီး ယခု ကျင်းပသည့် ပြိုင်ပွဲသည် ငါးကြိမ်မြောက် ပြိုင်ပွဲဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.