Sport
ထိုင်းနိုင်ငံ၌ ကျင်းပမည့် အာရှပတ်လည် မြားပစ်ပြိုင်ပွဲသို့မြန်မာနိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်သွားမည်

ရန်ကုန် ၊ မတ် ၁၈ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှပတ်လည် မြားပစ်ပြိုင်ပွဲသို့မြန်မာနိုင်ငံမှ မြားပစ် အားကစား သမားများ သွားရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အားကစား ဝန်ကြီးဌာနမှ သိရသည်။
အာရှပတ်လည် မြားပစ်ပြိုင်ပွဲကို ထိုင်းနိုင်ငံ၌ မတ်လ ၂၀ ရက်မှ ၂၆ ရက်အထိ လက်ခံ ကျင်းပမည် ဖြစ်ပြီး ပြိုင်ပွဲသို့မြန်မာနိုင်ငံမှ အုပ်ချုပ်သူ ၁ ဦး ၊ ဒိုင်လူကြီး ၂ ဦး ၊ အားကစားသမား ၄ ဦး စုစုပေါင်း ၉ ဦးဖြင့် Compound အားကစားနည်းနှင့် Recurve အားကစားနည်း ၂ နည်းတို့ဖြင့် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)