Connect with us

Sport

မြန်မာနိုင်ငံ ကိုယ်စားပြု အောင်လအန်ဆိုင်း (ခ) မြန်မာစပါးကြီးမြွေက အီဂျစ် နိုင်ငံသား မိုဟာမက်အလီ ကို ပထမအချီ ၂ မိနစ်ကျော် အတွင်းအနိုင်ရရှိခဲ့

အောင်လအန်ဆိုင်း (ခ) မြန်မာစပါးကြီးမြွေ အောင်ပွဲခံနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၁၈ ရက် (ဆင်ဟွာ)

ဘက်စုံ ကိုယ်ခံပညာသုံး MMA ပြိုင်ပွဲဖြစ်သည့် UNION OF WARRIORS ပြိုင်ပွဲတွင် အဓိက ထင်ရှားသည့် မစ်ဒယ်ဝိတ် ပွဲစဉ်အဖြစ် မြန်မာနိုင်ငံ ကိုယ်စားပြု တိုင်းရင်းသား အောင်လ အန်ဆိုင်း (ခ) မြန်မာစပါးကြီးမြွေ သည် အီဂျစ် နိုင်ငံသား မိုဟာမက် အလီအား ယနေ့ မတ်လ ၁၈ ရက်တွင် ပထမအချီ အတွင်း ပွဲချိန် ၂ မိနစ်ကျော်တွင် ယှဉ်ပြိုင်၍ အနိုင် ရရှိခဲ့ကြောင်း သိရသည်။

ONE Championship အဖွဲ့ကဦးစီး၍ ရန်ကုန်မြို့၌ ကျင်းပသည့် UNION OF WARRIORS MMA ပြိုင်ပွဲအား ယနေ့မတ် ၁၈ ရက်တွင် ရန်ကုန်မြို့သုဝဏ္ဏ အားကစားကွင်း၌ ပြုလုပ်ခဲ့ပြီး အဓိက ထင်ရှားသည့် ပွဲစဉ်အဖြစ် ကချင်တိုင်းရင်းသား အောင်လ အန်ဆိုင်း နှင့် အီဂျစ် နိုင်ငံသား မိုဟာမက် အလီ တို့၏ မစ်ဒယ်ဝိတ် တွဲဆိုင်း အပါအဝင် ပြည်တွင်း တွဲဆိုင်း နှင့် ပြည်ပတွဲဆိုင်း စုစုပေါင်း ပွဲစဉ် ၁၀ ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

အောင်လအန်ဆိုင်း (ခ) မြန်မာစပါးကြီးမြွေ အောင်ပွဲခံနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အောင်လအန်ဆိုင်း (ခ) မြန်မာစပါးကြီးမြွေအားတွေ့ရစဉ် (ဆင်ဟွာ)

ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

အောင်လအန်ဆိုင်း (ခ) မြန်မာစပါးကြီးမြွေ နှင့် အီဂျစ် နိုင်ငံသား မိုဟာမက် အလီတို့ ယှဉ်ပြိုင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အောင်လအန်ဆိုင်း (ခ) မြန်မာစပါးကြီးမြွေ နှင့် အီဂျစ် နိုင်ငံသား မိုဟာမက် အလီတို့ ယှဉ်ပြိုင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အောင်လအန်ဆိုင်း (ခ) မြန်မာစပါးကြီးမြွေအား တွေ့ရစဉ် (ဆင်ဟွာ)

အောင်လအန်ဆိုင်း (ခ) မြန်မာစပါးကြီးမြွေ ပရိတ်သတ်များကို လက်ဆွဲ နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

အီဂျစ် နိုင်ငံသား မိုဟာမက် အလီ ပရိတ်သတ်များကို လက်ဆွဲ နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် အောင်လအန်ဆိုင်း(ခ) မြန်မာစပါးကြီးမြွေက အားလုံးကို ကျေးဇူးတင်ကြောင်း ၊ နောင်လည်း ဆက်လက် အားပေးကြပါရန် ပြောကြားခဲ့သည်။

ဘက်စုံ ကိုယ်ခံပညာသုံး MMA ပြိုင်ပွဲ၏ ပြည်တွင်း တွဲဆိုင်းများ အဖြစ် သပြေညို နှင့် ကြယ်စင်ဖြိုး ၊ စောအယ်လေး နှင့် ဖိုးသော် ၊ သွေးသစ်အောင် နှင့် ကြယ်လင်းအောင် ၊ ရဲရင့်အောင် နှင့် စံသူဦး ၊ သားအသဲတစ်ပွင့် နှင့် ကျော်ကြား တို့ယှဉ်ပြိုင်ခဲ့ကြသည်။

ပြည်ပ တွဲဆိုင်းများမှာ ခရစ္စတီယန်လီ (စင်ကာပူ) နှင့် အန်တိုနီ အန်ဂလန် (နယ်သာလန်) ၊ အက်ဒရီယာနို မော်ရေ့စ်(ဘရာဇီး) နှင့် အီဂီနီ တိုကွီရို(ဖိလစ်ပိုင်) ၊ အဲလက်စ် ဆီလ်ဗာ(ဘရာဇီး) နှင့် ရော်ဘင် ကတ်တလန် (ဖိလစ်ပိုင်) ၊ ဂျော်ဒန် လူးကပ်စ် (နယူးဇီလန်)နှင့် အက်ဒဝပ် ကယ်လီ (ဖိလစ်ပိုင်)တို့ ယှဉ်ပြိုင်ခဲ့ကြသည်။

ဘက်စုံ ကိုယ်ခံပညာသုံး MMA ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် သားအသဲတစ်ပွင့် နှင့် ကျော်ကြား တို့တွဲဆိုင်းတွင် သားအသဲတစ်ပွင့်သည် ကျော်ကြား အား ပထမအချီတွင် ယှဉ်ပြိုင် အနိူင်ရရှိခဲ့ပြီး ပထမဆုံး အကြိမ် ဝင်ရောက် ယှဉ်ပြိုင်ရာတွင် အနိုင်ရရှိသည့် အတွက် အရမ်းပျော်ကြောင်း သားအသဲတစ်ပွင့်က ပြိုင်ပွဲ အပြီး ပြောကြားခဲ့သည်။

ယခု ကျင်းပပြုလုပ်သည့် ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲ သည် မြန်မာနိုင်ငံ၌ ဒုတိယ အကြိမ်မြောက် ပြုလုပ်သော ပွဲစဉ် တစ်ခု ဖြစ်ပြီး ပထမအကြိမ် MMA ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲအား ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် သြဂုတ်လအတွင်းက ပြုလုပ်ခဲ့သည်။ (Xinhua)