Sport
ဘာရိန်းနှင့်မြန်မာ ဘောလုံးခြေစမ်းပွဲအား ယနေ့မြန်မာစံတော်ချိန် ည၁၀း၄၅နာရီ၌ဘာရိန်း အမျိုးသား အားကစားကွင်းတွင် ကျင်းပမည်

ရန်ကုန်၊ အောက်တိုဘာ ၁၆ရက် (ဆင်ဟွာ)
ဘာရိန်းနိုင်ငံတွင် ခြေစမ်းကြမည့် ဘာရိန်းနှင့်မြန်မာ ဘောလုံးချစ်ကြည်ရေးခြေစမ်းပွဲအား ယနေ့အောက်တိုဘာ ၁၆ ရက်နေ့ မြန်မာစံတော်ချိန် ည၁၀း၄၅နာရီ၌ဘာရိန်း အမျိုးသား အားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်ရာ ခြေစမ်းပွဲအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) က တိုက်ရိုက် ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ထိုဘောလုံးခြေစမ်းပွဲကို MRTV News Channel နှင့် MRTV Sport Channel တို့က တိုက်ရိုက် ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)