Sport
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် ဖီဖာ (FIFA) ဥက္ကဋ္ဌ ဂျန်နီအင်ဖန်တီနိုနှင့် သီးခြား တွေ့ဆုံ

ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ ဂျန်နီ အင်ဖန်တီနိုနှင့် အင်္ဂလန်နိုုင်ငံ၊ လန်ဒန်မြို့၊ မေဖဲလ်ဟိုတယ်တွင် အောက်တိုဘာ ၂၃ ရက် ဒေသစံတော်ချိန် ညနေ ၄:၀၀ နာရီက သီးခြားတွေ့ဆုံခဲ့ပြီး မြန်မာ့ဘောလုံးတိုးတက်ရေးကိစ္စရပ်များ၊ လူငယ်ဖွံ့ဖြိုးရေး ကိစ္စရပ်များနှင့် သက်တမ်းအလိုက်ကမ္ဘာ့ဖလားပြိုင်ပွဲများ အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) အနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲအား ၂၀၂၆ ခုနှစ်မှ စပြီး ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၄၈ နိုင်ငံအထိတိုးချဲ့ကျင်းပသွားမည် ဖြစ်သလို လူငယ်ကမ္ဘာ့ဖလား ပြိုင်ပွဲများ ဖြစ်သည့် ယူ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ယူ၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲများကိုလည်း အသင်းဝင်အရေအတွက် တိုးချဲ့ကျင်းပသွားမည် ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အဆိုပါ သက်တမ်းအလိုက် ကမ္ဘာဖလားပြိုင်ပွဲများကို ဒေသတွင်း အိမ်နီးချင်းနိုင်ငံများနှင့် အတူ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပနိုင်ရေး၊ ဖီဖာနှင့် တွဲဖက်ပြီး လူငယ်ဖွံဖြိုးရေး စီမံကိန်းများ အတူတကွဆောင်ရွက်နိုင်ရေးအတွက်ပါ တင်ပြဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)