Connect with us

Sport

အာဆီယံဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း (အမျိုးသား) လူစာရင်းထုတ်ပြန်

အာဆီယံဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့်လူစာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

၂၀၁၇ အာဆီယံဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း (အမျိုးသား) ၏ အပြီးသတ်လူစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့ ထုတ်ပြန်လိုက်သည်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ဗီယက်နမ်နိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အိမ်ရှင်ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်တို့နှင့် အုပ်စုတွင်းယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းကို ၂၀၁၆ အာဆီယံဖူဆယ်ချန်ပီယံရှစ်တွင် ဒုတိယဆုရရှိအောင် စွမ်းဆောင်ပေးထားသည့် ဦးဌေးမြင့်မှ နည်းပြချုပ်အဖြစ်ဆောင်ရွက်မည်ဖြစ်ပြီး အုပ်ချုပ်မှု၊နည်းပြအဖွဲ့ဝင် (၇)ဦး၊ ကစားသမား ၁၆ဦးတို့ဖြင့် အောက်တိုဘာလ ၂၄ရက်နေ့တွင် ဗီယက်နမ်နိုင်ငံသို့ ပြိုင်ပွဲယှဉ်ပြိုင်ရန်ထွက်ခွာမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.