Connect with us

Sport

မြန်မာနိုင်ငံ၌ ပထမဆုံး စတင် ဆောင်ရွက်ခဲ့သည့် ဘောလုံး နှင့် ကျန်းမာရေး ပေါင်းစပ် လှုပ်ရှားမှု အစီအစဉ် အား နောင်လာမည့် နှစ်များတွင် အာရှ နိုင်ငံများတွင်လည်း ပြုလုပ်ဆောင်ရွက်သွားမည်

FIFA 11 for Health ပညာပေးအစီအစဉ်ကို ကျောင်းသူကျောင်းသားလေးများ သရုပ်ပြနေစဉ် (ဓာတ်ပုံ- MFF)

ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ FIFA 11 for Health ဘောလုံး နှင့် ကျန်းမာရေး ပေါင်းစပ် လှုပ်ရှားမှု ပညာပေး အစီအစဉ်အား ပထမဆုံး စတင် ဆောင်ရွက်ခဲ့ပြီး နောက်လာမည့်နှစ်များတွင် အခြား အာရှ နိုင်ငံများ ဖြစ်သော လာအို၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများတွင်လည်း ပြုလုပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သိရသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ဆောင်ရွက်နေသည့် FIFA 11 for Health သရုပ်ပြခြင်းအစီအစဉ်ကို ယနေ့ဇန်နဝါရီ ၁၁ ရက်တွင် ရန်ကုန်မြို ့ YTC ကွင်း၌ ပြုလုပ်ခဲ့ပြီး အခြေခံပညာ အထက်တန်းနှင့် အလယ်တန်း ကျောင်းများမှ ကျောင်းသားကျောင်းသူ သရုပ်ပြအဖွဲ့များက အဖွဲ့လိုက် သွေးပူလေ့ကျင့်ခန်း သရုပ်ပြခြင်း ၊ ကျောင်းအလိုက် သင်ကြား ထားသော လေ့ကျင့်ခန်းများဖြင့် သရုပ်ပြခြင်းများအား ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)မှ ဆေးဘက်ဆိုင်ရာ အရာရှိချုပ် ဒေါက်တာဂျရီ လာရောက် လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့ပြင် FIFA 11 for Health ပညာပေးအစီအစဉ်နှင့် ပတ်သက်၍ အစည်းအဝေး တစ်ရပ်အား ပြုလုပ်ခဲ့ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)မှ ဆေးဘက်ဆိုင်ရာ အရာရှိချုပ် ဒေါက်တာဂျရီက ယင်းအစီအစဉ်အား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျေးလက်ဒေသများသို့ပါ ဆက်လက်ပညာပေး သရုပ်ပြမှုများပြုလုပ်ရန် ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်က နောင်လာမည့် မျိုးဆက်သစ် လူငယ်များ အားလုံး ကျန်းမာရေး အသိရရှိစေရန် လိုအပ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်ဟု သိရသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) နှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်နေသည့် FIFA 11 for Health အစီအစဉ်၏ ကလေးများအတွက် ကျန်းမာရေး ပညာပေး အဓိက အချက် (၁၁)ချက်မှာ ဘောလုံး ကစားပါ ၊ အမျိုးသမီးများကို ဦးစားပေးပါ ၊ ကိုယ်အလေးချိန် ထိန်းပါ ၊ ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါးကို ရှောင်ပါ ၊ ဆေးခြင်ထောင် ထောင်အိပ်ပါ ၊ လက်ဆေးပါ ၊ သန့်ရှင်းသော ရေကိုသောက်ပါ ၊ မျှတစွာ စားသောက်ပါ ၊ ကာကွယ်ဆေးထိုးပါ ၊ ဆရာဝန် ညွှန်ကြားချက် အတိုင်းသာ ဆေးဝါးကုသမှု ခံယူပါ ၊ မျှတစွာ ကစားပါတို့ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.