Sport
မြန်မာယူ-၂၂ အမျိုးသား ဘောလုံးအသင်းကအိမ်ရှင်ဖိလစ်ပိုင်အသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရ

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပနေသည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အမျိုးသားဘောလုံးပြိုင်ပွဲ တွင် အိမ်ရှင်ဖိလစ်ပိုင်ယူ-၂၂ အသင်းနှင့် နိုဝင်ဘာလ ၂၇ရက် တွင် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာယူ-၂၂ ဘောလုံးအသင်းကအိမ်ရှင်အသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရ၍ အုပ်စုမှတက်ရန် အလားအလာကောင်းသွားခဲ့သည်။
မြန်မာယူ-၂၂ ဘောလုံးအသင်းသည် နိုဝင်ဘာလ ၂၉ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၂နာရီခွဲ တွင် တီမောယူ ၂၂ ဘောလုံးအသင်း နှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ (Xinhua)