Connect with us

Sport

(၂၉)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် ရွှေတံဆိပ် ၈ ဆု ရရှိ

(၂၉)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲမှ ပြန်လည်ရောက်ရှိလာသောသေနတ်ပစ်အသင်းသားများအား ကြိုဆိုစဉ်(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

(၂၉)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် ရွှေတံဆိပ် ၈ ဆု ရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အင်ဒိုနီးရှားနိုင်ငံတွင်  နိုဝင်ဘာ ၂၀ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်သော (၂၉)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းသည်  ရွှေလေးခု၊ ငွေလေးခု၊ ကြေးငါးခု၊ အသင်းလိုက် ထိ၊ လဲ၊ ပြားပြိုင်ပွဲတွင်ရွှေလေးခု၊ ငွေလေးခု၊ ကြေးနှစ်ခု စုစုပေါင်း ရွှေရှစ်ခု၊ ငွေရှစ်ခု၊  ကြေးခုနစ်ခု ဆုများ အသီးသီး ရရှိခဲ့ပြီးကြောင်း သိရသည်။

အဆိုပါ မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းတွင် အသင်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီးသိန်းစိုးထွန်း ဦးဆောင်၍ အုပ်ချုပ်သူ၊ နည်းပြ ၁၇ ဦးနှင့် သေနတ်ပစ်အား ကစားသမား ၁၆ ဦး စုစုပေါင်း ၃၃ ဦးတို့သည် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင်   ပစ္စတိုအမျိုးသား အသင်း အားကစားသမား လေးဦး၊ ပစ္စတိုအမျိုးသမီးအသင်း အားကစားသမား လေးဦး၊ ကာဘိုင်အသင်း/ရိုင်ဖယ်အသင်း အားကစားသမား လေးဦးနှင့်  စက်သေနတ်အသင်း အားကစားသမား လေးဦး စုစုပေါင်း သေနတ်ပစ် အားကစားသမား ၁၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117