Sport
မြန်မာယူ-၂၃ ဘောလုံးအသင်း ဘရူနိုင်အသင်းအား ၃-၀ ဖြင့်အနိုင်ရ
ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
၂၀၁၈ အာရှ ယူ-၂၃ ချန်ပီယံရှစ်ဘောလုံးခြေစစ်ပွဲ အုပ်စု(F)၏ အုပ်စုပွဲစဉ်တစ်ပွဲအဖြစ် ဇူလိုင် ၂၁ ရက်(ယနေ့) ည ၆း၀၀ နာရီက သုဝဏ္ဏကွင်း၌ ဘရူနိုင်းအသင်းနှင့် မြန်မာအသင်းတို့ ကစားခဲ့ရာ မြန်မာအသင်းက ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။
မြန်မာအသင်းသည် ဘရူနိုင်းအသင်းနှင့် ပွဲစဉ်တွင် ဒုတိယပိုင်း၌အဓိက ကစားသမားအချို့ကို အနားပေးခဲ့ပြီး ကစားသမား အပြောင်းအလဲ တစ်ချို့ ပြုလုပ်ခဲ့သည်။မြန်မာအသင်းအတွက် အဖွင့်ဂိုးနှင့် တတိယ ဂိုးကို ငြိမ်းချမ်းအောင်က ၁၉ မိနစ်နှင့် ၆၁ မိနစ်တို့တွင် သွင်းယူပေးခဲ့ပြီး မြန်မာအသင်းအတွက် ဒုတိယဂိုးကို နိုင်လင်းထွန်းက ပွဲချိန် ၄၄ မိနစ်တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။
ငြိမ်းချမ်းအောင် ဘရူနိုင်ဘက်သို့ ဂိုးသွင်းပြီအသင်းဖော်များနှင့်အတူ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
မြန်မာကစားသမားများနှင့်ဘရူနိုင်ကစားသမားများ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)
ကွင်းလယ်ဒိုင်လူကြီးမှ ဘူရူနိုင်ကစားသမားတစ်ယောက်ကို တိုက်ရိုက်အနီကဒ်ပြနေစဉ် (ဆင်ဟွာ)
မြန်မာကစားသမားများနှင့်ဘရူနိုင်ကစားသမားများ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)
မြန်မာကစားသမားများနှင့်ဘရူနိုင်ကစားသမားများ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)
မြန်မာကစားသမားများနှင့်ဘရူနိုင်ကစားသမားများ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)
မြန်မာအသင်းသည် နှစ်ပွဲ ကစားပြီးရာတွင် နှစ်ပွဲ စလုံး အနိုင်ရရှိထားပြီး သြစတြေးလျအသင်းနှင့် ရမှတ်တူ ခဲ့သည်။ သို့သော် ဂိုးကွာခြားချက်အရ သြစတြေးလျအသင်းက အမှတ်ပေးဇယား အဆင့် ၁ တွင် ရပ်တည်နေပြီး မြန်မာအသင်းက ဒုတိယနေရာတွင် ရပ်တည်နေသည်။ မြန်မာအသင်းသည် လာမည့် ဇူလိုင် ၂၃ ရက်တွင် သြစတြေးလျအသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။ ( Xinhua)