Connect with us

Sport

ရန်ကုန်မြို့လူထု စုပေါင်း စက်ဘီး စီးနင်းပွဲတွင် စက်ဘီးစီး ဝါသနာရှင် ၅၀၀ ကျော် ပါဝင် စီးနင်း

ရန်ကုန်မြို့ လူထု စုပေါင်း စက်ဘီး စီးနင်းပွဲ စတင် ကျင်းပစဉ်(ဓာတ်ပုံ-အား/ကာ)

ရန်ကုန် ၊ ဇူလိုင် ၃၀ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့လူထု စုပေါင်း စက်ဘီး စီးနင်းပွဲအား ယနေ့ဇူလိုင် ၃၀ ရက်တွင် မရမ်းကုန်းမြို့နယ် (မြကျွန်းသာ) ရှေ့၌ စတင် ကျင်းပခဲ့ရာ စက်ဘီးစီး ဝါသနာရှင် ၅၀၀ ကျော် ပါဝင် စီးနင်းခဲ့ကြောင်း အားကစား နှင့် ကာယ ပညာ ဦးစီးဌာနမှ သိရသည်။စက်ဘီး စီးနင်းပွဲအား မြကျွန်းသာရှေ့မှ တာထွက်လွှတ်ခဲ့ရာ မြကျွန်းသာမှ တက္ကသိုလ် ရိပ်သာလမ်း နှင့် အင်းယားလမ်း အတိုင်း စီးပြီး ထိုမှ တဆင့် ပြည်လမ်း ၊ ချော်တွင်းကုန်းလမ်းမှ ကမ္ဘာအေး ဘုရားလမ်း အတိုင်း စီးကာ မြကျွန်းသာရှေ့၌ ပြန်လည် ပန်းဝင်ခဲ့သည်။

စက်ဘီး အားကစားနည်းကို ပြည်သူလူထု တစ်ရပ်လုံး စိတ်ပါ ဝင်စား လာစေရန် ၊ စက်ဘီး စီးခြင်းဖြင့် တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်လာစေရန် ၊ မျိုးဆက်သစ် စက်ဘီး အားကစား သမားများ ပေါ်ထွက် လာစေရန် ရည်ရွယ်၍ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အားကစား နှင့် ကာယ ပညာ ဦးစီး ဌာန နှင့် မြန်မာနိုင်ငံ စက်ဘီး အဖွဲ့ချုပ်တို့ပူးပေါင်း ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117