Connect with us

Sport

ဝူရှူး (အတိုက်) တွင် မြန်မာက ရွှေနှစ်ခု ရရှိ


နေပြည်တော်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား ပြိုင်ပွဲများကို ဆက်လက် ကျင်းပ လျက်ရှိရာ ဝူရှူးပြိုင်ပွဲ၏ ဒုတိယနေ့ဖြစ်သော ယနေ့နံနက်ပိုင်းတွင် မြန်မာအသင်းက ဝူရှူး (အတိုက်) ပြိုင်ပွဲ၌ အမျိုးသမီး – ၅၂ ကီလိုတန်းတွင် နီနီအေးက ရွှေ တစ်ခု၊ အမျိုးသမီး – ၅၆ ကီလိုတန်းတွင် နန်းချယ်ရီသန်းက ရွှေ တစ်ဆု၊ စုစု ပေါင်း နှစ်ဆု ရရှိခဲ့သည်။

မြန်မာအသင်းသည် ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ရွှေတံဆိပ်နှစ်ခု အပြင် ငွေ- နှစ်ခုနှင့် ကြေး – သုံးခုတို့ထပ်မံရရှိခဲ့ရာ အမျိုးသမီး ဝူရှူး (အလှ) တွင် ၅၂ ကီလိုတန်း၌ ငွေ – တစ်ခု၊ ၅၆ ကီလိုတန်း၌ ငွေတစ်ခု၊ အမျိုးသား ဝူရှူး (အတိုက်)၆၀ ကီလိုတန်း၊ ၆၅ ကီလိုတန်းနှင့် ၇၀ ကီလိုတန်းတို့တွင် ကြေးတစ်ခုစီ-( ကြေး သုံးခု) ရရှိခဲ့ကြောင်း သိရသည်။

ဝူရှူး ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်နေကြစဉ် (ဆင်ဟွာ)

ဝူရှူး ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်နေကြစဉ် (ဆင်ဟွာ)

ဝူရှူး ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်နေကြစဉ် (ဆင်ဟွာ)

ဆုရ အားကစားသမားများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မြလေးစိန်က ဆုချီးမြှင့်နေစဉ် (ဆင်ဟွာ)

မြန်မာအသင်း၏ ဝူရှူးနည်းပြဆရာ Mr. Zhang Long က “မြန်မာ အားကစားသမားလေးတွေဟာ ကျောက်စိမ်း အရိုင်းတုံးတွေလိုပါပဲ၊ ရှာဖွေနိုင်လေ တွေ့ရှိလေပါ တကယ့် အဖိုးတန် ရတနာလေးတွေ ဖြစ်ပါတယ်၊ သူတို့ကို အကောင်းဆုံး လေ့ကျင့်ပေးထားပါတယ်၊ ဆုတွေ ရခြင်းမရခြင်းဟာ ကစားသမားတွေရဲ့ အရည် အသွေးကို ကိုယ်စား မပြုပါဘူး၊ သူတို့တွေ ဘယ်လောက် တိုးတက်တယ် ဆိုတဲ့ အပေါ်မှာပဲ ကျွန်တော် ကျေနပ်မိပါတယ်၊ ဒီပွဲ ရလဒ်တွေ အပေါ်မှာ လည်း ပျော်ရွှင်မိပါတယ်” ဟု မီဒီယာကို ဖြေကြားခဲ့သည်။

အမျိုးသား ဝူရှူး(အတိုက်)တွင် ၆၅ ကီလိုတန်းနှင့် ၇၀ ကီလိုတန်းတို့၌ ထိုင်းနိုင်ငံက ပထမ ရခဲ့ပြီး ၆၀ ကီလိုတန်း၌ လာအိုနိုင်ငံက ပထမရခဲ့ကာ သုံးတန်းလုံးတွင် မြန်မာက ကြေးတံဆိပ်များ ရရှိခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.