Connect with us

Sport

အယ်လ်နီကင် ဖက်ဒရစ် (ပြင်သစ်) ကို မြန်မာ ယူ-၁၄ ဂိုးနည်းပြ နှင့် လက်ထောက်နည်းပြ အဖြစ်ခန့်အပ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် ပြင်သစ်နိုင်ငံသား အယ်လ်နီကင် ဖက်ဒရစ် (Anikine Frederic) တို့ (၁)နှစ် စာချုပ် ချုပ်ဆို ခန့်အပ် တာဝန်ပေးအပ်ပြီးတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ပြင်သစ်နိုင်ငံသား အယ်လ်နီကင် ဖက်ဒရစ် (Anikine Frederic) ကို မြန်မာ့လက်ရွေးစင် ယူ-၁၄ အသင်း၏ ဂိုးနည်းပြနှင့် လက်ထောက်နည်းပြအဖြစ် တစ်နှစ် စာချုပ် ချုပ်ဆို ခန့်အပ် တာဝန်ပေးခဲ့ကြောင်း သိရသည်။

အယ်လ်နီကင် ဖက်ဒရစ် အနေဖြင့် ယခု ဇန်နဝါရီလ မှ စတင်ကာ မြန်မာ ယူ-၁၄ အသင်း ဂိုးနည်းပြ နှင့် လက်ထောက် နည်းပြအဖြစ် မြန်မာ ယူ-၁၄ အသင်း နည်းပြချုပ်ဖြစ်သူ ပြင်သစ်နိုင်ငံသား ရာဘာရှ့် ဘန်လာဘီ နှင့် တွဲဖက်ကာ လုပ်ကိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

အယ်လ်နီကင် ဖက်ဒရစ် သည် UEFA (B) Goalkeeper License ရ နည်းပြတစ်ဦးဖြစ်ပြီး နည်းပြဘဝအဖြစ် အမေရိကန်၊ပြင်သစ်နှင့် အင်္ဂလန် နိုင်ငံရှိ ဘောလုံးအကယ်ဒမီများတွင် လုပ်ကိုင်ဖူးသူ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.