Connect with us

Sport

အာရှ-ပစိဖိတ် ကျိုခ့်ရှင်း ကရာတေးပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေ ၅ဆုအပါအဝင် စုစုပေါင်း ဆု ၄၅ဆု ရရှိ


ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ဒုတိယအကြိမ်မြောက် အာရှ-ပစိဖိတ် ကျိုခ့်ရှင်း ကရာတေးပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေ ၅ဆုအပါအဝင် စုစုပေါင်း ဆု ၄၅ဆုရရှိခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ်မြောက် အာရှ-ပစိဖိတ် ကျိုခ့်ရှင်း ကရာတေးပြိုင်ပွဲကို ယနေ့ တွင် သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်း ၌ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၉နိုင်ငံမှ ကစားသမား ၁၅၀ကျာ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အိမ်ရှင်မြန်မာနိုင်ငံက ကစားသမား ၇၀ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ဒုတိယအကြိမ်မြောက် အာရှ-ပစိဖိတ် ကျိုခ့်ရှင်း ကရာတေးပြိုင်ပွဲကို ယနေ့ (ဇွန် ၂၃ရက်) တွင် သုဝဏ္ဏမိုးလုံလေလုံအားကစားခန်းမ၌ကျင်းပစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ဒုတိယအကြိမ်မြောက် အာရှ-ပစိဖိတ် ကျိုခ့်ရှင်း ကရာတေးပြိုင်ပွဲကို ယနေ့ (ဇွန် ၂၃ရက်) တွင် သုဝဏ္ဏမိုးလုံလေလုံအားကစားခန်းမ၌ကျင်းပစဉ်(ဆင်ဟွာ)

ကျိုခ့်ရှင်း ကရာတေးပြိုင်ပွဲတွင် မြန်မာနိုင်ငံက ပါဝင်ယှဉ်ပြိုင်သူအများဆုံးဖြစ်ပြီး ရွှေ ၅ ဆု၊ ငွေ၁၂ ဆုနှင့် ကြေး ၂၈ဆု စုစုပေါင်း ၄၅ဆုရရှိခဲ့ကြောင်း သိရသည်။

ဒုတိယ ဆုရရှိမှုအများဆုံးအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ရွှေ ၅ဆု၊ ငွေ ၅ဆုနှင့် ကြေး ၁ဆု စုစုပေါင်း ၁၁ဆုရရှိခဲ့ပြီး သြစတေးလျနိုင်ငံက ရွှေ ၄ဆု၊ အိန္ဒိယနိုင်ငံက ရွှေ ၂ဆု၊ ငွေ ၁ဆုနှင့် ကြေး ၄ဆုစုစုပေါင်း ၇ဆု၊ ရုရှားက ရွှေ ၁ဆုနှင့် ကြေး ၁ဆု စုစုပေါင်း ၂ဆု၊ နီပေါနိုင်ငံက ကြေး ၁ဆု၊ ကိုရီးယားနိုင်ငံက ကြေးတစ်ဆုနှင့် အင်ဒိုနီးရှားနိုင်ငံက ရွှေ ၁ဆုတို့ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

” ဒီကစားနည်းကို သားကြိုက်တယ်၊ ခုလို ပထမဆုရလို့လဲပျော်တယ်၊နောက်အခါတွေလဲ ပြိုင်အုံးမယ်”ဟု သက်ငယ်တန်းတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ပထမဆုရရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဒုတိယအကြိမ်မြောက် အာရှ-ပစိဖိတ် ကျိုခ့်ရှင်း ကရာတေးပြိုင်ပွဲတွင် အမျိုးသား၊အမျိုးသမီး သက်ကြီးတန်း ၊သက်လတ်တန်း နှင့် သက်ငယ်တန်းစသည့် ဝိတ်တန်းများခွဲပြီး အဆင့်ဆင့်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.