Connect with us

Sport

အာရှ ယူ-၁၉ ခြေစစ်ပွဲ ယ နေ့ စတင်မည်

မြန်မာ ယူ-၁၉ အသင်း အုပ်စု ပွဲစဉ်များ (ဓာတ်ပုံ-MFF)

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် အာရှယူ-၁၉ ခြေစစ်ပွဲ အုပ်စု (G) ပွဲစဉ်များကို ယနေ့ စက်တင်ဘာ ၂၈ ရက် တွင် သုဝဏ္ဏ အားကစားကွင်း၌ စတင် ကျင်းပမည်ဖြစ်ပြီး စက်တင်ဘာ ၃ဝ ရက်တွင် ကစားမည့် မြန်မာ- ဘရူနိုင်းပွဲစဉ်ကို အာရှဘောလုံးအဖွဲ့ ချုပ်၏ ကွင်းပိတ် ပြစ်ဒဏ်ကြောင့် ပရိသတ် မပါဘဲ ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့ သတင်းထုတ်ပြန်သည်။

ပထမနေ့ ပွဲစဉ်များတွင် အိမ်ရှင်မြန်မာ အသင်း၏ ပွဲစဉ်ပါဝင်မည် မဟုတ်ဘဲ အခြား အသင်းများသာ ယှဉ်ပြိုင်မည်ဖြစ်ပြီး ညနေ ၃ နာရီခွဲတွင် ဟောင်ကောင်အသင်းနှင့် ဗီယက်နမ် အသင်း၊ ည ၆နာရီခွဲတွင် တီမောအသင်းနှင့် ဘရူနိုင်းအသင်းတို့ ယှဉ်ပြိုင် ရမည်ဖြစ် သည်။
မြန်မာ ယူ-၁၉ အသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ”ထိုင်းနဲ့ ခြေစမ်းပွဲပြီး ကတည်းက ခြေစစ်ပွဲအတွက် ပြင်ဆင်နေသော်လည်း အာရှယူ-၁၉ ခြေစစ်ပွဲမှ ကစားသမား အချို့ ဝမ်းရောဂါ ခံစားနေရ ပြီး အမာခံ ကစားသမား နှစ်ဦးမှာလည်း ဒဏ်ရာရနေကြောင်း၊ ယင်းအတွက်ကြောင့် ပြင်ဆင်ရာတွင် အခက်အခဲများစွာ ရှိကြောင်း၊ ပွဲစဉ်တိုင်းမှာ ခက်ခဲမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ဆက်လက်၍ ခြေစစ်ပွဲအုပ်စု(G) ပွဲစဉ်များအဖြစ် စက်တင်ဘာ ၃ဝ ရက် ညနေ ၃နာရီခွဲတွင် တီမောနှင့် ဟောင်ကောင်၊ ည ၆ နာရီ ခွဲတွင် မြန်မာနှင့် ဘရူနိုင်း၊ အောက်တိုဘာ ၂ရက် ညနေ ၃နာရီခွဲတွင် ဗီယက်နမ်နှင့် ဘရူနိုင်း၊ ည ၆ နာရီခွဲတွင် မြန်မာနှင့် တီမော၊ အောက်တိုဘာ ၄ရက် ညနေ ၃နာရီခွဲတွင် ဗီယက်နမ်နှင့် တီမော၊ ည ၆နာရီ ခွဲတွင် မြန်မာနှင့် ဟောင်ကောင်၊ အောက်တိုဘာ ၆ရက် ညနေ ၃ နာရီခွဲတွင် ဘရူနိုင်းနှင့် ဟောင်ကောင်၊ ည ၆နာရီခွဲတွင် မြန်မာနှင့် ဗီယက်နမ်တို့ ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ (Xinhua)